အရှင်ဟာညီလာခံတက်ရန် အရေးကြီးသဖြင့် မြန်မြန်ဆန်ဆန်ပြင်ဆင်ကာထွက်လာခဲ့သည်။
နိုးနှင့်နေပြီးသော ဟိုကလေးရဲ့ယုန်နှစ်ကောင်ဟာ အရှင့်ကိုမြင်တာနဲ့လန့်ဖြတ်ရှောင်ပြေးသွားကျသည်။
အရှင်ကဘယ်သက်ရှိကိုမှ မချစ်တတ် မကြင်နာတတ်ပါ အိမ်ရှေ့စံလေးကချို့ယွင်းချက်အနေနဲ့တော့ရှိတာပေါ့။
ပုဝါပါးပါးတွေကြား အိပ်ဆောင်တော်တွင် အခုချိန်ထိနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူအား တချက်လှမ်းကြည့်မိတော့ ပြုံးမိသည်။
ဘယ်အချိန်ငေးငေးချစ်ရတယ် နီးနီးကပ်ကပ်ရှုစားမိတဲ့အချိန် ဝိညဥ်လွှင့်တတ်သလို ဒီလိုမျိုးခပ်လှမ်းလှမ်းကငေးမိတဲ့အခါလဲ တိမ်စိုင်လေးလို ယောင်ယမ်းကာဖမ်းဆုပ်ထားချင်မိတယ်။
ချစ်ခြင်းမေတ္တာဟာ အရောင်စုံလိမ့်မယ်လို့ထင်ထားတာမဟုတ်ဘူး အဖြူရောင်ချည်းသက်သက် လှလိုက်တာများ။
ဆုပ်ကိုင်ထားမိတဲ့အရာလေးက အန္တရာယ်များသော်လည်း လက်လွှတ်မှာမဟုတ်ဘူး လက်လွှတ်ခြင်းတွေဟာသေဆုံးခြင်းတွေနဲ့ဘာများခြားနားလို့လဲ။
အနီးကပ်သွားကြည့်လိုက်ချင်ပေမဲ့ နိုးသွားမှာစိုးတာကြောင့် မနှောင့်ယှက်မိတော့ အသံတိတ်သာ ညီလာခံတက်ရန် ထွက်လာခဲ့သည်။
ဘယ်မှမသွား ဘယ်မှမထွက်စေနဲ့လို့ အခေါက်တိုင်းလိုတော့မမှာမိတော့ဘူး
သေသေချာချာအချိန်ပေး ဂရုမစိုက်နိုင်တဲ့အချိန်တွေမှာတော့ ဒီကလေး နေချင်သလိုနေပါစေဆိုတဲ့ အတွေးနဲ့နားလည်ပေးချင်လာသည်။အဓိကဒီနန်းဆောင်က တစ်ဖဝါးမှမခွာရင်ပြီးရော ဟီလာကိုပြေးမပြန်ရင်ပြီးရော အလိုလိုက်ချင်ပါသည်။
စိတ်ချတာမျိုးမဟုတ်ပေမဲ့ ပျော်စေချင်တာ ဟိုဟိုဒီဒီလျှောက်သွားပြီး ရင်းနှီးလာတော့လဲ အချိန်ကြာရင် ဟီလာကိုမေ့ချင်မေ့သွားနိုင်တာပဲ။
စိတ်ကုန်တယ် ပြန်ချင်တယ်ဆိုတဲ့စကားမျိုးတော့မကြားချင် မဝေးရဲတော့လို့ပါ ကျွန်တော့် ကမ္ဘာကြီးပြိုကျသွားနိုင်လို့ပါ။
YOU ARE READING
☀️Sun & Moon🌕