"မကျေနပ်ရင်....."
"ဖြောင်း!!!"
အရှင့်စကားပင်မဆုံး ဒုတိယအကြိမ်ထပ်မံကျရောက်လာတဲ့ ခပ်ပြင်းပြင်းရိုက်ချက်ကြောင့် အရှင့်နှုတ်ခမ်းထောင့်စွန်းက သွေးပင်စို့သွားခဲ့သည်။
မတ်တပ်တောင် အနိုင်နိုင်ရပ်နေရတဲ့ အားမရှိနေတဲ့ ကောင်လေးက ဘယ်လိုမကျေနပ်ချက်တွေပေါင်းချပြီးများ ရိုက်ခဲ့သလဲမသိ အရှင့် နှုတ်ခမ်းထောင့်စွန်းသွေးစို့တဲ့အထိပဲ။
အိမ်ရှေ့စံရိုက်ချခဲ့တဲ့ ဖြစ်တည်မှုဟာ တလောကလုံးကပင် စေ့စေ့မကြည့်ရဲခဲ့တဲ့မျက်နှာပိုင်ရှင် တတိုင်းပြည်လုံးက လေးစားရတဲ့တိုင်းပြည်ဧကရာဇ်။
ဆံဖျားကနေ ခြေဖျားအထိ လောကကြီးထဲ ဧကရာဇ်ကို ထိပါးရဲတဲ့သူဟာ လက်တပွေ့စာ သေးငယ်မှုလေးတခုသာရှိခဲ့သည်။
"ဘယ်တော့ပြင်မှာလဲ ဒီလိုစိတ်လိုက်မာန်ပါ အပြုမှုတွေကို ဘယ်သံသရာတွေအထိ ထုပ်ပိုးထားမှာလဲ ရိုက် ထပ်ရိုက်လို့ရတယ် ကျေနပ်တဲ့အထိ ပတ်ဝန်းကျင် ကြားမကောင်းတဲ့ သောင်းကြမ်းမှုမျိုးတော့ ထပ်မလုပ်တော့နဲ့ အများကြီး ဆင်ခြင်နေရမယ် JiMin မျက်လုံးတွေ နားတွေအများကြီးရှိတယ် ဒီထက် ပိုမခက်ခဲချင်တော့လို့ပါကွာ နားလည်လို့ရတယ်မလား......"
စူးရဲစွာ ကြည့်နေတဲ့ မျက်ဝန်းတွေဟာ မီးတောက်တွေလို အရှိန်ပြင်းပြင်းနဲ့။
"အခု ဘယ်ကပြန်လာတာလဲ.....!"
အံကြိတ်ကာ ထွက်ကျလာသော မေးခွန်းဟာ တလုံးချင်း.... ဘာပြောပြောနားမဝင်တော့မဲ့ တဇွတ်ထိုး အကျင့်ဆိုးတွေနဲ့ ဘယ်လောက်နည်းတွေချပြပြ မျက်လုံးတွေက ရန်လိုမှုတွေကိုမချ။
လည်တိုင်ဖြူဖြူတွေဆီက အကြောစိမ်းတွေဟာ ထင်ထင်ရှားရှား ခက်ခက်ခဲခဲ အသက်ရှူနေတဲ့ ဒီကောင်လေးက ပူလောင်မှုတွေကြားပဲတိုးဝင်နေတာ။
ပါးပြင်က ပူရှိန်ရှိန်ခံစားမှု သံသယမျက်လုံးတွေနဲ့ ထိုးစစ်ဆင်နေမှု
အယုံကြည်ကင်းမဲ့ကာ မေးခွန်းထုတ်လာတဲ့ တဖက်သက် တွေးထင်မှုတွေကို ရှင်းရှင်းပြောရရင် အရှင်သိပ်ခံပြင်းပါတယ်။
YOU ARE READING
☀️Sun & Moon🌕