"ငါမသွားရဘူးလို့ပြောနေတယ်လေ Jung Kook....!"
"ခဏလေးပါဆိုကွာ ဘာလို့ဆိုးချင်နေတာလဲ....."
"ခဏလေးလဲမရဘူး အကြာကြီးလဲမရဘူး သွားချင်ရင် ငါ့ကိုပါခေါ်သွားရမယ် ငါမပါဘဲမင်းဘယ်မှသွားစရာမလိုဘူး....."
"မဖြစ်လို့ပေါ့ကွာ ညီလာခံတက်ပြီးတာနဲ့ ပြန်ပြေးလာခဲ့မှာ တိုင်းရေပြည်ရာတွေက ဒီလိုပစ်ထားလို့မဖြစ်ဘူးဆိုတာ မင်းလဲသိတယ်မလား နားလည်တယ်မလား ဒါဆိုဆိုးမနေနဲ့ကွာ....!"
"စိတ်မရှည်တဲ့လေသံနဲ့ငါ့ကို လာမပြောနဲ့ ညီလာခံအကြောင်းပြပြီး အရှေ့နန်းဆောင်ထဲရောက်သွားရင်ဘယ်လိုလုပ်မလဲ ဒီအခန်းကျဥ်းကျဥ်းလေးထဲ မင်းပြန်လာမှာကိုအေးအေးဆေးဆေး ငါမျှော်မနေနိုင်ဘူး...."
"JiMin...!"
"ငါ့ကိုလာမအော်နဲ့..!!"
နန်းဆောင်တံခါးဝတွင် လက်နှစ်ဖက်ဆန့်ကာ အရှင့်ရှေ့ကားကားကြီးရပ်ပြီး ညီလာခံမသွားဖို့တားနေတဲ့သူက အိမ်ရှေ့စံ။
အတိတ်တွေကို ပြန်မှတ်မိပါပြီဆိုကတည်းက အိမ်ရှေ့စံလေးဟာ အိမ်ရှေ့စံမဟုတ်တော့ လမင်းဖြူဘဝကို မြန်မြန်ဆန်ဆန်ပင်ပြောင်းလဲခဲ့သည်။
အရှင့်အား မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် သည်းခဲ့သူ
တခါတလေ အရှင်ကဒီအပြုမှုအကျင့်လေးတွေကို သဘောတကျပြုံးပြုံးကြီး ထိုင်ကြည့်နေခဲ့ပင်မဲ့ တကယ့်အရေးကြီးချိန်ကျ အရှင်ဘယ်လိုမှဖြောင်းဖြပြလို့မရတော့ဘူး။တခါတလေ မိဘုရားနဲ့ကောက်ပေးစားသည် စိတ်တိုလို့အော်လိုက်တဲ့အခါ မျက်ရည်ဝဲငြိမ်ကျသွားမယ်ထင်လား အဝေးကြီး တခွန်းအော်ရင် ဆယ်ခွန်းမက ပြန်ပြန်ပက်တဲ့ ဆက်ဆက်ထိမခံလေးပြီ။
ခုလဲ ကြည့်ကျပါဦး မျက်နှာပင်မသစ်ရသေးတဲ့လူက ညီလာခံကိုလိုက်ခဲ့ဖို့ ဆိုးနေပြန်ပြီ။
တခါတလေတော့ အတ်ိတ်တွေပြန်အမှတ်ရသွားတာကိုတောင်အရှင့်မှာ နောင်တရချင်သလိုလို အိမ်ရှေ့စံနဲ့လမင်းဖြူက ဝိညဥ်ကွဲတယ် အိမ်ရှေ့စံဆိုတဲ့ဖြစ်တည်မှုဟာ ငြိမ်ငြိမ်လေး ဖြစ်ချင်တာနဲ့ဖြစ်သင့်တာကိုကောင်းကောင်းခွဲတတ်ပြီး ရင့်ကျက်တဲ့သူ
လမင်းဖြူက အဲလိုမဟုတ် ရှူးရှူးဒိုင်းဒိုင်းဖြစ်ချင်ရာဖြစ်ဆိုတဲ့ ပုံစံမျိုး။
YOU ARE READING
☀️Sun & Moon🌕