Sun&Moon FanFicလေးက ရောဂါတွေသည်းတဲ့အချိန် အလုပ်တွေ လုံးဝဖြတ်ချလိုက်ရလို့စိတ်လေလေနဲ့ SEတပုဒ်လောက် ရေးကြည့်မယ်လို့စိတ်ကူးပြီး Plotတခုမှမချပဲ ခေါင်းစဥ်ချ ရေးလိုက်တာပဲ။
SEဆိုတဲ့ အတွေးတခုတည်းနဲ့ စခဲ့တဲ့ ဇာတ်အိမ်ဖြစ်လို့ ရေးနေရင်း Plotတွေပြောင်းတာအကြိမ်ကြိမ် HEရေးပေးပါလို့ ကိုယ့်တိုင်ပင်ဖော်တိုင်ပင်ဘက်လေးကပူဆာတော့ တကယ်ဘာဆက်ရေးရမှန်းမသိ လမ်းပျောက်ခဲ့ရပါသေးတယ်
အချိတ်ဆက်တွေမမိတော့ပဲ SEကနေHEလုပ်ဖို့ တကယ်ခက်ခဲခဲ့ရတာလေး။ပြောချင်တာက အိမ်ရှေ့စံလေး နန်းသွေးကိစ္စပါ ဘယ်တုန်းကမှ အဲလိုရေးဖို့မရည်ရွယ်ထားပဲ ရေးချပစ်လိုက်ပြီးမှ စာဖတ်သူတွေစိတ်ဆိုးရင်ဆိုတဲ့စိတ်နဲ့ တင်ဖို့တောင်မရဲခဲ့ပါဘူး နားလည်ပေးကျလို့ တကယ်ပျော်ရတယ် မကြိုက်တဲ့သူတွေရှိရင်လဲ အားနာရပါတယ်။
အရှင်နဲ့အိမ်ရှေ့စံက တနေ့တည်း တချိန်တည်းမွေးခဲ့တယ်ဆိုပေမဲ့ အရင်မွေးခဲ့တဲ့သူက အိမ်ရှေ့စံပါ အဆိုးငယ်ကအကြီးပါ ဒါလေးလဲသိစေချင်လို့။
ကိုယ်ရံတော်ယွန်းဟာ ဆိုင်သူလေးကိုလမင်းဖြူဘဝ Jungနဲ့မချစ်ခင်တည်းက ချစ်ခဲ့တာပါ..... ရှိပါတယ် ဒီကမ္ဘာမှာ သူကလွဲရင်ဆိုတဲ့ပြတ်သားတဲ့နှလုံးသားတွေနဲ့ ချစ်ခြင်းတရားတွေ သူနဲ့မှမဟုတ်ရင် တယောက်ထဲရှင်သန်လိုက်တော့မဲ့ ဘဝတွေ တကယ်ရှိနေလို့ ကိုယ်ရံတော်ယွန်းဇာတ်ကောင်လေးကို အေးအေးချမ်းချမ်းနဲ့မို့ အချစ်ဆုံးလို့လဲပြောလို့ရပါတယ်။
အရှင် မယ်မယ်ကြီး ဆုတောင်းပွဲမှာ နောက်ဆုံးတောင်းခဲ့တဲ့ ဆုက နန်းသွေးပါ နန်းသွေးအမွှာလေးရဖို့ အရှင်ကဆုတောင်းခဲ့တာ အဲကတည်းက ပြောရင် အမွှာလေးမှန်းကြိုသိမှာစိုးလို့ Secretလုပ်ထားတာပါ။
မယ်တော်ကြီး အဆိုးလေးနဲ့တွေ့ခဲ့တဲ့ အဆိပ်မမိခင်နောက်ဆုံးအချိန်လေးမှာ တောင်းပန်စကားနဲ့ကျေးဇူးတင်စကားပြောခဲ့ပါသေးတယ် ဒါလေးလဲ ထည့်မရေးခဲ့ဘူး။
အစ်မတော်ဟာ SEမှာဗီလိန်လုပ်ဖို့ ထည့်ထားတဲ့ဇာတ်ကောင်ပါ HEပြောင်းလိုက်တော့ ဘယ်နေရာပို့ရမှန်းမသိတော့လို့နောက်ပိုင်း ထည့်မရေးတော့တာ တမျိုးဖြစ်သွားရင် ထပ်ပြီး အားနာရပါတယ်။
YOU ARE READING
☀️Sun & Moon🌕