အရာအားလုံး အဆင်ပြေသွားပြီလို့ ခံစားလိုက်ရတဲ့အချိန် ကျွန်တော် Minဗိုက်ကလေးပေါ် လက်လေးတင်ရင်း နိုးထလာခဲ့ရတယ်။
အကြီးကျယ်တွေ စကားများ ပြသနာတွေတက်ခဲ့လဲ သိပ်သိတတ်တဲ့ ကလေးပေမို့ ချယ်ရီပန်းတွေရှေ့ ကျွန်တော့်ကိုခွင့်လွှတ်ပါတယ်တဲ့။
လောကတရားတွေ ဘယ်လောက်များများ ကျွန်တော်အနေနဲ့တော့ Park JiMinဆိုတဲ့ ခေါင်းစဥ်အောက်က အကြောင်းတရားကလွဲရင် ပစ်လိုက်ပြီ။
ကောင်းကင်တော်တခုလုံးနဲ့ ယှဥ်ရွေးရရွေးရ လောကတခုလုံးနဲ့ပဲယှဥ်ရွေးရရွေးရ Jeon Jung Kookတို့နှလုံးသားက သစ္စာရှိစွာပဲ လက်ချောင်းသေးသေးလေးတွေကိုရွေး ဆုပ်ကိုင်ခဲ့တာ။
အတိုင်းတာနဲ့ကန့်သတ်ထားပြီးချစ်တာမျိုးမှမဟုတ်တာ အတိုင်းဆမဲ့ အစဆုံးမရှိတဲ့ မြတ်နိုးမှုတွေနဲ့ တခမ်းတနား သိပ်ဂုဏ်ယူစရာကောင်းလောက်အောင်ချစ်ပြခဲ့တာ။
နန်းသွေးလေးကြောင့် ပိုသည်းနေတယ်လို့ မြင်ချင်မြင်ကျလိမ့်မယ် တကယ်တော့ သဘာဝကိုကျော်လွန်ပြီး ဖြစ်တည်လာတဲ့ ကိစ္စရပ်တခုဖြစ်လို့ ကျွန်တော့် အသက်ကလေး တခုခုတိမ်းစောင်း လွဲချော်သွားရင်ဆိုတဲ့ ပူပင်စိတ်ကလေးနဲ့ တနေ့တာကို ရင်တမမနဲ့ ကဲရင်းသည်းရင်း ဖြတ်သန်းနေတာပါ။
အိပ်ရင် ပစ်စလက်ခတ်အိပ်တတ်သူကြောင့် ညဘက်တွေဆို ပိုဂရုစိုက်ပေးရသည်
အခုလဲကြည့် ခြေထောက်တဖက်က ကျွန်တော်လည်ပင်းနား ရောက်နေပြန်ပြီ။"Min ထရတော့မယ်လေ...."
"Min.....Min အိပ်ချင်ယောင်ဆောင်နေတာလား"
"ထတော့လို့ မျက်လုံးဖွင့်ပါ
Min...."နှိုးနေတဲ့ အရှင့်အသံသည် လေသံလေးနဲ့တကယ့်တိုးတိုးလေးရယ်။
အိပ်နေရင်းမှ ဆိုင်သူလေးသည် မျက်လုံးတို့မဖွင့်ပါဘဲ လက်တွေက တခုခုကို လိုက်စမ်းနေသည်။
"Min ဘာရှာနေတာလဲ ကိုယ်တော်ကိုရှာတာလား..."
"ခေါင်းအုံးရှာနေတာ မင်းကိုရိုက်မလို့...!"
"ဟင် ဘာလို့လဲ ဘာလုပ်လို့လဲ...."
မတတ်နိုင်တဲ့အဆုံး အဆိုးငယ်ဟာ မျက်လုံးတွေဖွင့်လာပြီး အရှင့်ကို ပြာကျမတတ်ကြည့်တော့သည်
အရှင်က ဆိုင်သူလေး ခြေထောက်အောက်မှာ။
YOU ARE READING
☀️Sun & Moon🌕