🌞Ep37🌕

4.8K 458 47
                                    

အရှင့်ရဲ့ အသေးစိတ်ဂရုစိုက်မှုတွေကြားက ရာသီတွေတရွေ့ရွေ့အချိန်တွေဟာ အတိမ်းစောင်းမရှိပါဘဲ ကုန်ဆုံးလာခဲ့တယ်။

မနက်ခင်းတွေမှာ နှင်းစက်တွေကျလာကာ ဆောင်းဦးရဲ့ အငွေ့သက်အပြည့်နဲ့ အေးစိမ့်စိမ့်။

ရာသီတွေခြွေချပြီးတဲ့နောက် ဆိုင်သူလေးရဲ့ ဗိုက်ကလေးဟာ ထင်ထားတာထက်ပိုမို ထွက်ပေါ်လာခဲ့သည်။

လုံးထွက်နေတဲ့ ဗိုက်ကလေးကိုကြည့်ကာ တခါတလေတော့ စိုးရိမ်စိတ်တွေများတာမျိုးနဲ့ ဆိုင်သူလေးမျက်နှာ သိပ်မသာယာတော့တဲ့ ဆောင်းဦးရက်တွေ။

အရှေ့နန်းဆောင်တခုလုံးကိုဖျက်စီးကာ အရာအားလုံးအသစ်အသစ်သော ပြင်ဆင်မှုတွေနဲ့အတူ နန်းသွေးအတွက် နန်းဆောင်သီးသန့်ဆောက်လုပ်နေတာမို့ အရှင်အခုတလော အလုပ်များနေကာ ဆိုင်သူငယ်ကိုလဲ ပစ်ထားမိသလို မဖြစ်ရအောင် အရှင်ကြိုးစားနေရသည်။

နန်းသွေးလေး အပြင်ရောက်လာမဲ့အချိန်ဟာ ဘယ်လောက်မှမလိုတာတော့တာမို့ တနေ့တာဟာ အရှင့်အတွက်သေရေးရှင်ရေးလို အရေးကြီးနေခဲ့သည်။

မေတ္တာတွေ အပြည့်နဲ့ ဖွံ့ဖြိုးလာခဲ့သော နန်းသွေးလေးဟာ ဆိုရင်လဲ အံ့သြစရာကောင်းလောက်အောင် တနေ့တခြားသိသိသာသာ လုံးလုံးလေးပေါ်ထွက်လာခဲ့သည်မို့ အရှင်မှာတပြုံးပြုံးရယ်။

နှင်းတွေဖွဲဖွဲကျနေတာကလွဲရင် ကြည်လင်လှသော ဆောင်းရဲ့မနက်ခင်းမှာ ကြင်နာသူရဲ့ မျက်လုံးအစ်အစ်လေးတွေ ပွင့်ကျလာတဲ့အခါ လောကရဲ့ကောင်းခြင်းတွေ အစချီတယ်။

အမွှေးတွေအများကြီးပါပြီး ဖြူဖွေးနေတဲ့ သိုးမွှေးအပေါ်ခြုံဝတ်ရုံကြီးအား အရှင်က ဆိုင်သူလေးအပေါ် လွှားခြုံပေးလိုက်သည်။

"အေးလာလိုက်တာ...."

နီရဲကာ စူထွတ်နေတဲ့ နှုတ်ခမ်းဖူးဖူးလေးတွေက ခပ်တိုးတိုးထွက်လာတဲ့အသံငယ်လေး....အေးလို့ထင်ပါသည် နှုတ်ခမ်းလေးတွေက မသိမသာတုန်နေကာ ပြန်လည်မို့တက်လာတဲ့ ပါးနှစ်ဖက်သည်လဲ ရဲတက်နေခဲ့သည်။

အရှင်က တုန်နေတဲ့ နှုတ်ခမ်းတစုံကို ခပ်ဖွဖွထိကပ်နမ်းပြီးနောက် ဝတ်ရုံထဲပျောက်နေတဲ့ ဆိုင်သူလေးကို လက်တံရှည်ကြီးတွေကြား နွေးထွေးစေလိုက်သည်။

☀️Sun & Moon🌕Where stories live. Discover now