"မင်းကြီး ကြွချီလာပါတယ် မိဘုရား....""ကြွပါ မင်းကြီး....."
ညအိပ်ဝတ်ရုံအဖြူတထည်နဲ့ ဆံပင်ရှည်တွေ အရှေ့သို့သိမ်းချထားတဲ့ မိဘုရားက အိပ်ဆောင်ဝင်ခါနီးစဲစဲပေမို့ အဖြူရောင်ဝတ်စုံတခုနဲ့။
"ထိုင်ပါ မင်းကြီး...."
"အကြောင်းမကြားဘဲ ရောက်လာခဲ့မိလို့ အနှောင့်ယှက်ပေးမိသလိုဖြစ်သွားလား မိဘုရား....."
ပြောင်ရှင်းနေတဲ့ မျက်နှာလှလှလေးဟာ မီးရောင်အောက် အရှင့်စကားကြောင့် မရဲတရဲလေးပြုံးနေသည်။
သိပ်ကြိုက်ရပါတယ်ဆိုတဲ့ မျက်ဝန်းစိုစိုတွေက ဒီတခါတော့ အထင်သေးခြင်းတွေမပါဝင် ကြည်ကြည်လင်လင်မို့ မိဘုရား သိပ်ကျေနပ်တာပေါ့။
နီညိုရောင်ဝတ်စုံနဲ့ အရှင်ဟာ မင်္ဂလာဦးည မင်္ဂလာခန်းဝင်တဲ့ယောင်္ကျားပုံစံမျိုး ပြင်ဆင်လာတဲ့အခါ မိဘုရားနည်းနည်းတော့အံ့သြမိတာအမှန်။
"မင်းကြီးအနေနဲ့ကျွန်မအဆောင်လာတာ အကြောင်းကြားဖို့မှမလိုတာ မင်းကြီး လာမယ်မှန်းကြိုမသိတော့ မင်းကြိီးမကြိုက်တဲ့အမွှေးနံ့တွေအတွက် အားနာပါတယ်....."
"အဲအတွက် မပူပါနဲ့ ဒီမှာပြင်ဆင်လာတဲ့အရာရှိတယ်......"
အနီရောင်ချည်အိတ်လေးထဲမှ ထုတ်ယူလာတဲ့ ဆင်စွယ်ရောင်ဖယောင်းတိုင်ခပ်ရှည်ရှည်လေးတခုအား အရှင်က ထွန်းလက်စ ဖယောင်းတိုင်ဆီမှ မီးကူးလိုက်သည်။
မီးစွဲသွားတာနဲ့ မွှေးကြိုင်လွန်းတဲ့ ရနံ့သင်းသင်းတွေ ထွက်ပေါ်လာသည်။
အသက်တခါရှုတိုင်း တခါရီဝေသွားစေတဲ့ မွှေးရနံ့တွေက တခဏအတွင်း အာရုံတွေထုံထိုင်းလာသလိုလို လန်းဆန်းတဲ့အနံ့မျိုးဆိုပေမဲ့မျက်ခွံတွေလေးလာသလိုခံစားလို့ကောင်းသည်။
"မင်းကြီး ဒါက...."
"ဆေးဖယောင်းပါ ညဘက်တွေ ငါကိုယ်တော်နန်းဆောင်ထဲအမြဲထွန်းဖြစ်တယ် သူကအိပ်ပျော်စေဖို့ကူညီတယ်လေ...."
"အော် မင်းကြီးက အနံ့နဲ့ပတ်သက်ရင် အနုစိတ်သားပဲ......"
"အင်းအဲလိုပဲထားပါတော့ နည်းနည်းလောက် သောက်ရင်းစကားစမြည်လေးပြောကျတာပေါ့ မိဘုရားသိချင်တဲ့အကြောင်းရှ်ိလဲ မေးလို့ရအောင်လေ...."
YOU ARE READING
☀️Sun & Moon🌕