"နားမထောင်ချင်ဘူး....!"
"စောစောကပြောတော့ နားထောင်မယ်ဆို.... ကိုယ်တော်စာအုပ်တောင်ဖွင့်နေပြီကို ဘာဖြစ်ပြန်တာလဲ"
"မင်းသားနဲ့မင်းသမီး နားမထောင်ချင်ဘူး မင်းသားနဲ့မင်းသားလေးအကြောင်းပဲ နားထောင်ချင်တာ ဇာတ်လမ်းပြောင်း...."
ပေါင်ပေါ်ခေါင်းအုံးထားရင်း စာအုပ်မျက်နှာဖုံးအား အလိုမကျစွာ လက်ညှိုးတွေနဲ့ လိုက်ထိရင်း နှုတ်ခမ်းစစူတော့သည်။
"ပုံပြင်လေ အိမ်ရှေ့စံလေးရဲ့ နားထောင်လို့ကောင်းမှာပါ ကိုယ်တော်အရမ်းကြိုက်တဲ့ဟာ...."
"မကြားချင်ဘူး မကြိုက်ပါဘူးဆို မင်းသားနဲ့မင်းသားလေးမဟုတ်ရင် မဖတ်နဲ့....!"
နားနှစ်ဖက်အား လက်နဲ့အုပ်ကာ အိပ်ယာခင်းပေါ် လူးလိမ့်သွားရင်း အသည်းယားစရာကောင်းလောက်အောင် ဆိုးပြနေတဲ့ သေးငယ်မှုလေးကို စိတ်ကျေနပ်အောင် ဘယ်လိုလုပ်ပေးရမလဲအရှင်တွေးရင်း ခေါင်းကိုက်လာသည်။
ကိုင်ထားတဲ့စာအုပ်ကို စားပွဲပေါ်အသာချကာ အတွင်းခံဝတ်ရုံ ဖရိုဖရဲနဲ့ မလုံမခြုံ ကောင်လေးကို ဝတ်ရုံစတွေကိုသေချာဆွဲချပေးကာ စောင်ပါးပါးလေး တထည်အရှင်ထပ်ခြုံပေးလိုက်သည်။
"အေးတယ် နွေးနွေးထွေးထွေးနေသင့်တယ်မလား လှည့်ဒီဘက် ပြောပြမယ် နားထောင်ချင်တဲ့မင်းသားနဲ့မင်းသားလေးအကြောင်း...."
"ငါတို့သောက်ကျမလား
ပုံပြင်နားထောင်ဖို့ကျ ငါက ကလေးမဟုတ်တော့ဘူးလေ အဲတော့လူကြီးအလုပ်လုပ်ကြည့်ကျမယ်...."အိပ်ရာခင်းပေါ်မှ ထထိုင်ကာ ရုတ်တရက် သောက်ဖို့အကြောင်းတွေပြောလာပြန်တဲ့ ကောင်လေး စိတ်ကခုတမျိုးတော်ကြာတမျိုး။
"မသောက်ရဘူး မသောက်နိုင်ဘဲ....."
"ဘယ်သူပြောလဲမသောက်နိုင်ဘူးလို့ သောက်ချင်တယ်....!"
"အေးဆေး စာဖတ်ရအောင်ကွာ ဒီနေ့နည်းနည်းလိမ်မာပေးလို့မရဘူးလား အပြင်မှာမိုးတွေလဲရွာနေတာ....."
"ငါ့ဆန္ဒဆို မင်းဘယ်တုန်းက ကြည်ဖြူဖူးလို့လဲ အမြဲကန့်လန့်တိုက်ဖို့ပဲ ငါပဲအဆိုး ငါပဲမကောင်းတာမျိုးဖြစ်အောင်အမြဲလုပ်တယ်...!"
YOU ARE READING
☀️Sun & Moon🌕