"လွှတ်.....ငါ့ကိုဆွဲခေါ်စရာ ဘာအကြောင်းမှမင်းမှာမရှိဘူး Jung Kook..!!"
နန်းဆောင်ခေါင်းမိုးပေါ်တွင် အိမ်ရှေ့စံငယ် ဟာ ခြေနှစ်ဖက်စုံကန်ရုန်းနေသော်လည်း အရှင်လွှတ်မပေးခဲ့ဘူး။
ဒဏ်ရာနဲ့မို့ နာနေမှာကိုလဲ နားလည်ပေမဲ့ နာစေချင်တာ ငိုစေချင်တာ တောင်းပန်သံဖြစ်ဖြစ် စိတ်တွေပြေပျောက်သွားအောင် ကြားချင်နေတာ။
"ဟုတ်လား...ဆွဲခေါ်ခွင့်မရှိဘူးပေါ့
ရတယ်လေ ဒါဆိုချီခေါ်ရမှာပေါ့!"ပြောပြီးတာနဲ့ ဆွေ့ခနဲပခုံးပေါ် ကောက်ချီလိုက်တဲ့အရှင်ဟာ ပူထူနေရုံကလွဲဘာမှမသိမနေတော့ဘူး။
"Jeon Jung Kook မင်းရူးနေတာလား အောက်ချစမ်းငါ့ကို..!!!"
"ဘယ်နေ့ကမှ ပြန်မလာတဲ့သူက ဒီနေ့မှ ဘာစိတ်ရူးပေါက်ပြန်လာပြီး ငါ့ကိုပြသနာရှာဖို့ ကြိုးစားနေတာလဲ ချပေး..!!"
"အငြိမ်မနေရင် ဒီအပေါ်ကနေ လွှတ်ချလိုက်မှာ ငြိမ်ငြိမ်နေ...!"
"နေစရာလားမင်းလုပ်ချင်သလိုလုပ်တာ ငါငြိမ်ခံစရာလား ပစ်ချင်ရာပစ် သေသေကြေကြေ...!"
ကျောပြင်သို့ တဘုန်းဘုန်းရိုက်ချက်တွေဟာ ပြင်းပြင်းထန်ထန် အကောင်းကျန်သေးရဲ့လားမသိလောက်အောင် ထုရိုက်နေသော်လည်း အရှင်က အန္တရာယ်များလွန်းတဲ့ လှေကားထစ်တွေကို အိမ်ရှေ့စံအဆိုးငယ်ကို ထမ်းထားရင်းပဲ ဆင်းသွားခဲ့သည်။
"ချပေးလို့ ပြောနေတယ်နော် မင်း လူစကားနားလည်တယ်မလား!!!"
အရှင် ဘာတခွန်းမှပြန်မပြောမိ ဒေါသထွက်တာထက်ပိုတဲ့ အတိုင်းတာတွေအထိ ရောက်နေတာမလို့ ဘာစကားမှထွက်ကျမလာတော့ဘူး။
တခြားသူရင်ခွင်ထဲ စိတ်ချလက်ချ ခိုးနားနေတဲ့ပုံရိပ်ဟာ ချေမွပစ်ချင်စရာ တစစီဖျက်စီးပစ်ချင်တာ အဲအကောင်နဲ့မှ အဲအကောင်နဲ့။
ထုရိုက်နေတာတွေရပ်စဲမသွား ဆဲဆိုသံတွေဟာ အနောက်နန်းဆောင်တခုလုံး ကျယ်ကျယ်လောင်လောင်ပဲ သူတို့ဘာကိုမှလဲဂရုစိုက်ကျတော့မဲ့ပုံမပေါ်တော့ပါ
အရှင်က ခြေထောက်နဲ့ တွန်းကန်ဖွင့်လိုက်တိုင်း နန်းဆောင်တံခါးချပ်တွေဟာတစစီ။
YOU ARE READING
☀️Sun & Moon🌕