🌞7🌕

4.2K 470 18
                                    

ဒီနေ့ ပထမဆုံးဟွာလန်မှာနှင်းတွေကျနေသည် တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့အိမ်ရှေ့စံ နဲ့ဘုရင်ကြီးJeonရဲ့ ပထမဆုံးပြိုင်ပွဲ ပြိုင်ရမဲ့နေ့လဲဖြစ်တယ်။

အိပ်ဆောင်ပြတင်းပေါက်အနားက လက်ထုတ်ကာ နှင်းပွင့်လေးတွေအား လက်နဲ့ဖမ်းယူရင်းအချိန်အတော်ကြာ ပထမဆုံးကျတဲ့နှင်းအား အိမ်ရှေ့စံလေး ငေးကြည့်နေသည်။

အေးစိမ့်မှုက ပြောမပြတတ်အောင် နားရွက်ဖျားတွေ အေးစက်လာတာမို့ ပြတင်းပေါက်အားပိတ်ကာ အိပ်ဆောင်ပေါ်က ဆင်းလိုက်သည်။

အိပ်ဆောင်ပေါ်က ဆင်းလိုက်သည်နဲ့ ခြေထောက်နားပြေးကပ်လာသော ယုန်လေးနှစ်ကောင်ဟာ အနွေးဓာတ်လိုချင်နေပုံရကာ ဝတ်ရုံတော်အတွင်း အတင်းတိုးဝှေ့နေတော့သည်။

"မင်းတို့နှစ်ကောင်က အဖော်ရှိတာတောင်အရမ်းအေးနေတုန်းလား ဒါဆိုဟီလာက အဖြူကောင်ဆို ဘယ်ထိအေးနေမလဲမသိဘူးကွာ သူလဲမင်းတို့လိုပဲ ငါ့ဆီ ဒီလိုမျိုးကပ်ချင်နေမှာ....."

ပြောရင်းဆိုရင်းနဲ့ကို နှစ်ကောင်သားဟာ ဝတ်ရုံတော်ထဲ လုယက်ကာဝင်နေကျသည်မို့ နည်းနည်းတော့ပြုံးမိသည် ဟွာလန်မှာ ရင်းနှီးတာဆိုလို့ ဒီကလေးလေးတွေပဲရှိပေမဲ့ မပျင်းခဲ့ရဘူး။

"တော်ပြီလေကွာ နည်းနည်းလောက်ဖယ်ပေးဦး ကိုယ်လက်သန့်စင်ဖို့လိုနေပြီ မင်းတို့ဘုရင်ကြီးရောဘယ်မှာလဲ သူ့ဆီကျတော့ မင်းတို့မကပ်ရဲဘူး ဟုတ်လား...."

ဟုတ်ပါ့ ဒီနေ့အေးစက်စက်မျက်နှာနဲ့လူ မတွေ့မိသေး ဒီအချိန်ထိမထသေးတာတော့ မဖြစ်နိုင်ဘူး အပြင်ထွက်သွားတာများလားဟုတွေးကာအိမ်ရှေ့စံလေးဟိုကြည့်ဒီကြည့်။

"အိမ်ရှေ့စံ အထဲဝင်ခွင့်ပြုပါ.....'

"ဝင်လာခဲ့....."

"အိမ်ရှေ့စံအတွက်ပါ....."

"ဘာတွေလဲ....."

"ဝတ်ရုံတော်တွေပါ အရှင်မင်းကြီးက အိမ်ရှေ့စံဒီနေ့ဒီဝတ်ရုံဝတ်ဖို့ မိန့်ကြားခဲ့ပါတယ်....."

"သူကအစောကြီး ဘယ်သွားတာလဲ....."

အိမ်ရှေ့စံ စကားကြားလိုက်ရချိန် နန်းတွင်းသူတွေဟာ အံ့သြတဲ့မျက်ဝန်းတွေနဲ့ မော့ကြည့်ကာ ချက်ချင်းခေါင်းပြန်ငုံ့သွားကျသည်။

☀️Sun & Moon🌕Where stories live. Discover now