🌞Ending(Part2)🌕

5.7K 407 50
                                    

"အိပ်ရာပေါ်မချနဲ့လေအရှင် ငါဆေးယူဦးမယ် ဆေးသောက်ရအောင် အောက်ကိုချ....."

အိပ်ဆောင်ပေါ်ချလုစဲစဲ ဆိုင်သူလေးက မျက်မှုန်လေးကုတ်ကာ ပြောလာသည်။

"ဆေးမသောက်ချင်ဘူး အိပ်မလို့ အိပ်ရအောင် အိပ်ချင်နေတယ်......."

"မင်းအိပ်မှာမဟုတ်ဘူး ငါသိနေတယ် မင်းအကြောင်းကိုငါသိတာမလို့ မအိပ်ဘူး မချနဲ့နော်....!"

ဆိုင်သူလေးသည် အိပ်ရာပေါ်ချမည်စိုး၍ အရှင့်လည်ပင်းတွေဆီ လက်နှစ်ဖက်နဲ့တင်းနေအောင်ကုတ်ဖက်တွယ်ထားတော့သည် အရှင်မလိမ်မာတာ ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံကို ဆိုင်သူလေးမသိဘဲနေမလား။

"သိတော့လဲ Jeon JiMinအိပ်ပျော်သွားမှာ မပူရတော့ဘူးပေါ့....."

"အရှင်....မင်း မဟုတ်တာတွေ တွေးမနေနဲ့ ဆေးသောက်ရအောင် အောက်ချစမ်း!"

"Minက ဖက်ထားတော့ ကိုယ်တော်ဘယ်လိုချရမလဲ...."

"ငါအိပ်ရာပေါ်ချခိုင်းတာမဟုတ်ဘူး....."

"အိပ်ရာပေါ်မှမဟုတ်ရင် ဒီလိုပဲနေရမယ်....."

"မင်းနေမကောင်းတာ နောက်စရာမဟုတ်ဘူး ကိုယ်တွေနွေးနေတယ်လေ
ဆောင်းဝင်ပြီ အင်္ကျီဝတ်အိပ်ဆိုလဲ ငါ့စကားဆို မင်းဘယ်တော့မှနားမဝင်ဘူး
ဖျားရင် ကလေးနှစ်ယောက်နဲ့ငါပဲပြာရမှာ ကလေးလဲမဟုတ်တော့ဘူး ပြောရဆိုရတွေမခက်စမ်းနဲ့ အရှင်!"

"အ့...."

အိပ်ရာပေါ် ပစ်လှဲချလိုက်တဲ့အရှင့်ကြောင့် ဆိုင်သူလေးဖွဖွလေးဖိမိကာ အသံသေးသေးလေး ထွက်သွားခဲ့သည်။

လည်ပင်းတွေကြားထဲ အတင်းခေါင်းဝင်ကာ ယုန်ကလေးတကောင်လို အရှင့်နှာခေါင်းတွေ တရှုံ့ရှုံ့ ဆိုင်သူလေးလည်ပင်းနားတွေဆီ ကပ်တွယ်နေတော့သည်။

"ယားတယ် အရှင် ငါ့ကိုမစစမ်းပါနဲ့...!"

"စနေတာမဟုတ်ဘူး အချစ်ဆုံးရဲ့ အတည်အတည်...."

"မင်းအတွေးတွေ ဘယ်ကိုဦးတည်နေတာလဲ အရှင် တော်တော့လို့ပြောနေတာကို!"

"ချစ်ဖို့.....ချစ်ချင်လို့ လမ်းစရှာနေတာ"

"ချစ်ရမဲ့အချိန်လား....အ့ မကိုက်နဲ့အရှင်!!"

☀️Sun & Moon🌕Where stories live. Discover now