ပြိုင်ပွဲရက်ဟာ အရမ်းကိုနီးကပ်နေပြီဆိုပေမဲ့ အိမ်ရှေ့စံလေး တခါမှ လေ့ကျင့်ကွင်းကိုခြေမချရသေးပါ။
မြင်းစီးတဲ့အလုပ်ဟာ ကိုယ်အကျွမ်းကျင်ဆုံးလို့သတ်မှတ်ထားခဲ့တာမို့ ပေါ့ပေါ့ပါးပါးပဲ တွေးထားခဲ့လို့လဲဟုတ်မယ်။
ဘယ်လောက်ပဲကျွမ်းကျင်ပါစေဦးတော့ ကိုယ့်စီးနေကျမြင်းမဟုတ်တဲ့အတွက်ကြောင့် ပြိုင်ပွဲနေ့ မှားယွင်းမရှိစေရန် ဒီနေ့ကွင်းပြင်ကို ကိုယ်ရံတော်ယွန်းနဲ့အတူတူရောက်ခဲ့တာ ဒီတခေါက်တော့ အနိုင်လိုချင်ပါသည်။
"ဒီမြင်းက အဆင်ပြေလား အိမ်ရှေ့စံ ဟ်ိုတလောကစီးတာ ဘယ်လိုနေလဲ...."
အဲနေ့က အရှင့်ရင်ခွင်ထဲကနေ ငြိမ်ပြီးလိုက်ခဲ့တာကြောင့် ရိုးရိုးသားသားပြောရရင် ဒီမြင်းအကြောင်းဘာမှမသိရသေးတာ အမှန်။
"အင်း မဆိုးပါဘူး နည်းနည်းတော့စိမ်းနေသေးတာပေါ့ ဒီရက်ထဲ လေ့ကျင့်လိုက်ရင် ရင်းနှီးသွားမှာပါ....."
"ယုံပါတယ် ဒါကအိမ်ရှေ့စံအကျွမ်းကျင်ဆုံးအလုပ်တခုပဲ ဒါပေမဲ့ ဂရုတော့စိုက်ပါ...."
"အင်း ရော့ ဒီအပေါ်ဝတ်ရုံလေးယူထားပေး....."
"ဟုတ်ကဲ့ပါ အိမ်ရှေ့စံ
ကျွန်တော်မျိုးပခုံးကို ကိုင်ပြီးတက်ပါ...."မြင်းပေါ်ရောက်သွားတာနဲ့ အဆင်ပြေရဲ့လား အကုန်လိုက်စစ်ပေးရန် ပြင်ရပြီး
ခြေနင်းကွင်းနေရာ အနည်းငယ်ရှောင်နေတာကတော့ အဆင်မပြေနိုင်ဘူး။"အိမ်ရှေ့စံ ခြေနင်းကွင်းက လွတ်နေတယ် စီးလို့အဆင်မပြေလောက်ဘူး ပြန်ဆင်းလိုက်ပါ တိုအောင်လုပ်ပြီးမှ လေ့ကျင့်လို့အဆင်ပြေမှာ....."
မြင်းပေါ်ရောက်သွားရင် လူကအလိုလိုမဆင်းချင်တော့ မမှီတမှီလဲ စီးချင်နေပြီးယုံကြည်မှုလဲဒီအရာနဲ့ပတ်သက်ရင်အမြဲအလျှံပယ်။
"ရတယ် ဒီမှာ တွေ့လား မှီတယ် ဘာမှမဖြစ်ဘူး......"
တင်ပါးတဖက်လျှောချကာ ခြေနင်းကိုခြေဖျားလေးနဲ့ နင်းလာပြတော့ ဟန်မဆောင်နိုင်အောင် ပြုံးမိသွားသည်။
YOU ARE READING
☀️Sun & Moon🌕