🌞Ending (Part1)🌕

5K 361 9
                                    

5နှစ်ခန့်ကြာသော်
~~~~~~~~~~~~~~

"ပါးပါး သားကိုကယ်ပါဦး
ပါးရေ....Ji သားကို လိုက်နှောင့်ယှက်နေတယ်!"

သစ်ပင်အရိပ်ကြီးတွင် ထိုင်နေသော ဆိုင်သူလေးဟာ နေပူထဲ ပြေးဆော့နေတဲ့ Ji Jiနဲ့Koo Kooကို ထိုင်ကြည့်နေခဲ့သည်။

ငါးကြိမ်မြောက် ဆောင်းရောက်ခဲ့ပြန်ပြီပေါ့ အချိန်တွေကကြာသလိုလို မြန်သလိုလိုနဲ့ ရယ်လိုက်မောလိုက် အော်လိုက်ဟစ်လိုက် ကလေးနှစ်ယောက်ရယ် အရှင်ရယ် ဘဝကစိုစိုပြေပြေပဲ။

သိုးမွှေးဝတ်စုံဖြူဖြူလွင်လွင်နဲ့ Jeon JiJiနဲ့ Jeon KooKooဟာ ကွင်းပြင်ထက်ပြေးလွှားနေခဲ့သည်။

JiJiနဲ့KooKooဟာ အမွှာဆိုတဲ့အတိုင်း ခွဲမရလောက်အောင်တူတယ် မျက်လုံးဝိုင်းဝိုင်းတွေဆိုလဲ တပုံစံထဲ ပါးဖောင်းဖောင်းတွေလဲရှိသလို နှုတ်ခမ်းဖူးဖူးတွေအောက် မှဲ့နက်လေးတွေကအစ အသေးစိတ် အနုစိတ်ပုံဖော်ထားတဲ့ လှလှပပတူညီမှုတွေ။

နို့နှစ်ရောင်အသားရည်ရယ် သူတို့ခမည်းတော်လို အရပ်ရှည်ရှည်ကြီးတွေနဲ့မို့ မြင်ရသူတိုင်း မျက်နှာမလွဲနိုင်အောင် ချစ်ကျသည် အပိုဆုံးကတော့ သူတို့ရဲ့ခမည်းတော်ပေါ့.....မေ့တော့မလို့ Jiနဲ့Kooမှာ ကွဲပြားတဲ့အချက်လေးတခုရှိသေးတယ် အဲဒါကတော့ JiJiလက်ကလေးတွေက ကျွန်တော့်လို လက်ပိစိလေးတွေရယ်။

JiJiကသွက်လက်တယ် KooKooက Jiနဲ့ယှဥ်ရင် အနည်းငယ်လေးအနေအေးတာမို့ အဲတချက်နဲ့တင် ရုပ်ချင်းခွဲမရအောင်တူတဲ့အမြွှာလေးတွေကို မခွဲနိုင်တဲ့သူမရှိခဲ့တာဘဲ။

Kooဟာ အကောင်လေးတွေဆို သိပ်ကြောက်တတ်ကာ JiJiရဲ့ အမြဲကြောက်အောင် စနောက်ခြင်းကို ခံရတဲ့သူ အခုလဲ Jiက ပိုးကောင်နဲ့ လိုက်စလို့ အော်ဟစ်နေပြန်ပြီ။

တနေ့တနေ့ ဘယ်လိုမှထိန်းလို့မနိုင်တော့တဲ့ သားတော်နှစ်ပါးကြောင့် နန်းဆောင်တခုလုံး ဘယ်သူမှအေးအေးမနေခဲ့ရဘူး။

Kooက အနည်းငယ်အနေအေးသော်လည်း Jiကသိပ်ဆော့ သိပ်ဆိုးကာ Kooကိုအမြဲစနောက်နေတတ်သည်။

နှင်းစဲချိန် နေပူထဲခဏထွက်ဆော့ပါစေဆိုတဲ့စိတ်နဲ့ အရှင်ညီလာခံပြေးတုန်းလေး ထွက်လာမိပါတယ် JiJiတို့ ဇာတ်လမ်းစပြီ။

☀️Sun & Moon🌕Where stories live. Discover now