"Mr.yibo ပွဲစတော့မယ်"
ခေါင်းတချက်ညိမ့်ပြလိုက်ရင်း မှန်ရှေ့တွင်စတိုင်နည်းနည်းထုတ်ကာ လျှောက်လမ်းအတိုင်းလျှောက်လာလိုက်သည် ဒီနေ့က concertရှိတယ် သူတစ်ယောက်တည်းအတွက်solo concert စင်အောက်ကနေ ထွက်လာရမှာမို့လို့ လျှောက်လမ်းသေးသေးလေးကနေလျှောက်နေလိုက်သည် ဘေးကကင်မရာတွေက သူသွားတာကိုဓာတ်ပုံရိုက်နေပြီး staffတွေကလည်းဘေးမှလိုအပ်တာတွေကိုပြောပေးနေသည် ဒီဘ၀ထဲကိုwang yiboရောက်ခဲ့တာ 5နှစ် သူတကယ်ဖြစ်ချင်ခဲ့တဲ့အိမ်မက်တွေဖြစ်လာပြီ သီချင်းတွေဆိုမယ်ရေးမယ်ကမယ် ဘက်စုံတော်တဲ့အနုပညာရှင်တယောက်ဖြစ်အောင်သူကြိုးစားနေခဲ့တာ ဒီထဲကိုပဲစိတ်နှစ်ခဲ့တာ5နှစ်ရှိပြီ
"ဝေး ဟေးဟေး Wang yibo Wang yibo"
Fanတွေက သူစင်အောက်ကနေထွက်လာတာနဲ့ အားပေးသံတွေထွက်လာသည် သူ့fandomအရောင် အစိမ်းရောင်posterများလည်း ကွင်းလုံးကျွတ်အပြည့်ပဲ အစိမ်းရောင်ပင်လယ်ကြီးလိုပဲ သူကြိုးစားခဲ့တာတွေ အရာထင်ခဲ့ပါပြီ အောင်မြင်ခဲ့ပြီ ပင်ပန်းရကျိုးနပ်ပါတယ်
သူ့နည်းတူအောင်မြင်နေတဲ့ xiao zhanဆိုတဲ့ လူသားလေးကလည်း သူနဲ့တချိန်တုန်းက အရင်းနှီးဆုံးပတ်သတ်ခဲ့ဖူးသည်လေ။ လက်ရှိမှာတော့ သူတို့နှစ်ယောက်က ဘာမှမဆိုတော့ပေမယ့် သူရှောင်းကိုဂုဏ်ယူပါတယ် ရှောင်းလည်းသူဖြစ်ချင်တာကိုလုပ်နိုင်ခဲ့တယ်
ပွဲစတော့ သီချင်းတွေစဆိုတယ်
ကတယ် ခုန်တယ် ဒီအနုပညာအလုပ်ထဲစိတ်နှစ်ထားရင် သူအရာအားလုံးကိုခဏမေ့ပြီး ဒီထဲမှာစိတ်ထည့်ပြီး တစိုက်မတ်မတ်လုပ်တယ်ညနေထဲကစလုပ်တဲ့concertက ညနက်မှပြီးသွားတယ်။ ပွဲပြီးတော့fanတွေအသီးသီးပြန်သွားကြပြီ။ သူလည်းပင်ပန်းနေတာေကြာင့် နားေနခန်းကိုသွားကာ ဆိုဖာပေါ်ပစ်လှဲလိုက်ရင်း စိတ်လွတ်ကိုယ်လွတ်နားပစ်လိုက်တော့တယ်။ ပြောစရာရှိတာတွေကိုလည်းမန်နေဂျာနဲ့ပဲလွှဲပေးလိုက်တော့မယ်..
"Li ge ကျွန်တော်နားတော့မယ်"
"နားတော့ yibo ငါနဲ့ပဲလွှဲထားခဲ့လိုက်တော့"
"ဟို geတို့လည်း ကျွန်တော်နဲ့တူတူပင်ပန်းခဲ့တာပဲ နားလိုက်ပါတော့လား ဒီည hot potဖွင့်တဲ့ဆိုင်ရှိသေးရင် အားလုံးစုပီး သွားစားရအောင် ကျွန်တော်ဒကာခံပါ့မယ်"
YOU ARE READING
AGAIN [Completed]
Fanfiction"ကိုယ်တို့ဘာလို့လမ်းခွဲခဲ့တာလဲ" Fic cover from Pinterest All include photo on Pinterest Words are my own creation..