Final extra

3.3K 159 37
                                    

"ဗြဲ..."

ညသန်းခေါင်ငိုလာတဲ့ Leoလေးကြောင့် အအိပ်ဆတ်သော ရိပေါ်က ရှောင်းကျန့်ကိုဖက်အိပ်နေရာမှနိုးလာတယ်။ ရှောင်းကိုကြည့်လိုက်တော့လည်း စောင်ပုံထဲမှာ အလုံထုပ်ပြီးယုန်ဖြူသေးသေးလေးလိုကွေးနေတာ...အိပ်ချင်မပြေသေးတဲ့မျက်လုံးတွေကိုပွတ်သပ်ပြီး ပုခတ်ထဲက ယွင်ကျန့်လေးကိုထုတ်ပြီး‌ပခုံးတဖက်ပေါ် တင်ကာ ကျောလေးကိုခပ်ဖွဖွပုတ်ရင်း အငိုတိတ်ဖို့ချော့ရင်း အောက်ထပ်ကိုဆင်းလာလိုက်သည်။

"ဒက်ဒီ့ သားလေးကနို့နို့ဆာနေတာပဲ"

"ဒက်...နို့"

မီးခိုခန်းမီးကိုဖွင့်ပြီး နို့ဘူးနွေးနွေးလေးလုပ်ပြီး တပြင်ပြင်လုပ်နေသော ပါးစပ်ပုစိလေးထဲ နို့ဘူးထည့်ပေးလိုက်တော့ တပြွတ်ပြွတ်နဲ့ ငြိမ်ပြီးစောင့်နေတာကြောင့် ချီထားကာလမ်းလျှောက်ရင်း ချော့သိပ်လိုက်တော့ နို့ဘူးလေးကိုက်ကာ အိပ်ပျော်သွားတာကြောင့် အခန်းထဲပြန်လာပြီး ပုခက်ထဲချပေးလိုက်တာကြောင့် ခြေထောက်ပုစိလေးတွေနဲ့ ဟိုကန်ဒီကန်လုပ်နေတာကြောင့် ပါးစပ်က ချွတ်ချပ်အသံပေးကာဖင်လေးပုတ်ပြီးသိပ်လိုက်တော့ ပြန်အိပ်ပျော်သွားသည်။ စောင်လေးခြုံပေးကာ ယုန်ဖြူအလုံထုပ်လေးဘေးနား၀င်လှဲတော့ ဟိုဘက်တောင်လှည့်သွားသေးသည်။

"အင့်!"

ဟိုဘက်ရောက်နေတဲ့ယုန်ဖြူလေးကို ခါးကနေ ဆွဲဖက်ကာရင်ခွင်ထဲထည့်လိုက်တော့ အင့်ခနဲမြည်ကာ ရင်ခွင်ထဲကိုရောက်လာသည်။ နဖူးလေးကိုအနမ်းပေးကာ အဲကွန်းလေနည်းနည်းလျော့လိုက်ပြီး စောင်ခြုံပေးလိုက်တော့ ကွေးကွေးလေးအိပ်သွားရှာသည်။ သူ့ရဲ့အသဲအသက်နှစ်ယောက်ကတော့ အိပ်သွားကြပြီ။ သူသာ သူတို့မျက်နှာလေးတွေကိုကြည့်ပြီး ပီတိဖြစ်ပြီး အိပ်မပျော်နိုင်..။မျက်လုံးလည်းကြောင်နေကာ မနက်လင်းခါနီးကျမှ ပြန်အိပ်ပျော်သွားသည်။

"သားသားတောင်မနိုးသေးဘူး ညကသူ့ဒက်ဒီနို့ဘူးတိုက်ထားတယ်နေမယ်"

မနက်7နာရီလောက်ကျတော့ အော်တိုနိုးလာတဲ့ရှောင်းကျန့်က သားသားရဲ့ပုခက်နားကိုသွားကြည့်တော့ ဖြူနုနုဂွမ်းလုံးလေးက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရှာသည်။ အရင်ကဆို နို့ဆာလို့ ဒီချိန်မတိုင်ခင်ထဲကနိုးနေပြီ...ညကသူ့ဒက်ဒီ၀မ် နို့တိုက်ထားလို့ ခုလိုမထသေးတာ...။ အိပ်မောကျနေတဲ့ ချစ်ရသူယောကျာ်းဘေးနားကိုပြန်၀င်လှဲလိုက်ပြီး မေးလေးထောက်ကာ ၀မ့်မျက်နှာချောချောကိုစိုက်ကြည့်နေလိုက်တယ်။ ယောကျာ်းဆန်ဆန်မေးရိုးလိုင်းတွေမှာ မရိတ်သင်ရသေးလို့အနည်းငယ်ထွက်နေတဲ့မုတ်ဆိတ်မွှေး‌တွေ..ချစ်မ၀ဖြစ်တာကြောင့် နဖူးကိုဖိကပ်နမ်းလိုက်တော့..အိပ်နေသူကပြုံးရယ်လာသည်။

AGAIN [Completed]Where stories live. Discover now