‌Part-18

4.2K 363 21
                                    

ညစာစားနေရင်း သူတို့လေးယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြသည်။ ရှေ့က စားနေတဲ့ ရိပေါ်နဲ့ရှောင်းကျန့်ကမျက်နှာတွေလည်းမကောင်း ပြီးတော့ ထမင်းကိုကလည်း တို့ကနန်း ဆိတ်ကနန်းလုပ်နေသည်။ ကားပေါ်မှာတုန်းက သူတို့နှစ်ယောက်ပဲ တစ်ယောက်ပုခုံးပေါ်တစ်ယောက်မှီအိပ်နေပြီးတော့ ခုညနေပိုင်းမှ ဘာထဖြစ်တာလဲမသိဘူး။

"စားလေ ရှောင်းကျန့် ဟင်းတွေမကောင်းလို့လား"

ယွီပင်းက ရှောင်းကျန့်အတွင်းရေးမှုးဖြစ်တာရော သူငယ်ချင်းဖြစ်တာရောကြောင့် အလုပ်မှာပြောနေကြအကျင့်ကခုထိကပ်ပါလာသည်။ မစားချင်လည်း၀င်အောင်ကျွေးရမည်ပင်။

"တော်ပြီ မစားချင်တော့ဘူး ငါနေ့လယ်က အစောကြီးနိုးလာတော့ အိပ်ချင်နေသလိုပဲ မနက်ဖြန်ညမှ မီးပုံပွဲ လုပ်ပါတော့လား"

"ရှောင်းသွားနားချင်သွားလေ မနက်ဖြန်မှလုပ်တော့မယ်"

မနေနိုင်သည့်ရိပေါ်ပဲ ကြားထဲက၀င်ဖြေ‌လိုက်ရသည်။ ရှောင်းက မစားချင်လို့မဟုတ်ပဲ ခုနက သူပြောတဲ့စကားတွေကြောင့် စိတ်ရူပ်သလိုပုံမျိုးဖြစ်နေတာ။ ထမင်းကိုဆက်မစားတော့ပဲ ရှောင်းသွားတဲ့နောက်ကနေသာ ကပ်လိုက်လာမိတော့သည်။ ရှောင်း သူ့အခန်းသူ ၀င်သွားမှသာ ကိုယ်လည်းစိတ်ချလက်ချ အခန်းထဲ ပြန်၀င်လာလိုက်တော့သည်။

အမှန်တော့ ရှောင်းကျန့် ထမင်းစားဝိုင်းက ထွက်လာတော့ နောက်က တစ်ယောက်ယောက် ကပ်လိုက်လာမှန်းသိတော့ ရေမွှေးနံ့ပြင်းပြင်းကြောင့် ၀မ် လိုက်လာမှန်းသိတော့ အိပ်ခန်းထဲကိုသာ အမြန်၀င်လိုက်တော့သည်။ အဲ့ခါကျမှ ၀မ် ကလည်း ပြန်သွားသည်။

'မင်းသိလား ၀မ် ငါတို့က ချစ်နေကြသေးတယ်မလား ဘယ်လိုနီးစပ်ဖို့ ကို နည်းလမ်းမသိခဲ့တာ'

နောက်နေ့ မနက်ရောက်တော့ ခြောက်ယောက်လုံးမနက်စာတူတူစားကြတယ်။ နေ့လည်ပိုင်းကျတော့ ဟိုတယ်အပြင်အဆင်တွေလျှောက်ကြည့်ပြီး လိုအပ်တာတွေ ဘယ်နေရာမှာဘယ်လိုမျိုးလေးထည့်သင့်လဲ ဆိုတာမျိုးတွေပါ စီမံနေကြရတာပင်။ ပြောစရာရှိတာတွေ ပြောပြီး ပင်လယ်ဘက်ထွက်ကာ ဓာတ်ပုံရိုက်ကြသည်။

AGAIN [Completed]Where stories live. Discover now