Part-13

3.8K 369 3
                                    

ဘီယာသုံးဗူးကုန်သွားတော့ ရှောင်းကျန့်က ဆိုဖာပေါ်မှာလှဲအိပ်တယ် ခေါင်းအုံးအသေးလေးကိုဖက်ကာ ပါးစပ်ကလည်း ငြီးနေသေးတယ် အမြင်မတော်တဲ့ယွီဘင်းနဲ့ကျိရန်ကပဲ အခန်းထဲပို့ဖို့လုပ်ရသည် ဆွဲထူဖို့လက်ကိုထိလိုက်တော့ ရှောင်းကျန့်ကအသံထွက်လာသည်။

"ငါအိမ်မက်တွေမက်နေတယ် မနိုးချင်သေးဘူး ၀မ်ကငါ့အိမ်မက်တွေထဲမှာရှိသေးတယ် မပျောက်သွားခင်အချိန်ထိတော့ ငါနေချင်သေးတယ် ငါ့ကိုအိပ်ခန်းထဲကိုမပို့နဲ့တော့..."

ပြောလည်းပြော မှိတ်ထားတဲ့မျက်လုံးထောင့်တွေကနေ မျက်ရည်တွေကလည်းစီးကျနေတယ် မအိပ်သေးတာကို အိပ်ချင်ယောင်ဆောင်ပြီး အိမ်မက်ထဲမှာ ၀မ်ရှိသေးတယ်ဆိုပြီး ပြောနေသော ကောင်လေးကို စောင်လေးခြုံပေးကာ တစ်ယောက်တစ်ခန်းစီ ၀င်ပြီးအိပ်စက်ခြင်းစီသို့...

Barမှာထိုင်နေတဲ့ ၀မ်ရိပေါ်က ဟွိုက်ခမ်းကိုဖုန်းခေါ်တယ် ဟွိုက်ခမ်းရောက်တော့ မွန်းကြပ်တာတွေကိုရင်ဖွင့်တယ် သူအခုချိန်မှာရင်မဖွင့်ရင် မွန်းကြပ်လို့သေသွားမလားပဲ။

ညကြီးသန်းခေါင်Barရောက်နေတယ်ဆိုပြီး ဖုန်းဆက်တော့ သူငယ်ချင်းဖြစ်တဲ့ကိုယ်က လိုက်သွားရတယ်။ barရောက်တော့ အရက်ခွက်ကိုစိုက်ကြည့်တာ မျက်ရည်တွေကျနေသည်။ ရှောင်းကျန့်နဲ့ဘာဖြစ်လာပြန်ပြီလဲ ဒီကောင်!

ရိပေါ်ထိုင်နေတဲ့နေရာက ခုံတန်းရှည်လိုနေရာမျိုးမှာ soloထိုင်သောက်နေတာဖြစ်သည် သူလည်းဘေးခုံတစ်ခုံမှာ၀င်ထိုင်ကာbartenderကို အရက်ပြင်းတစ်ခွက်မှာသံကြားတော့ ထိုကောင်မော့ကြည့်လာသည်။

"ရောက်ပြီလား ကြာလိုက်တာကွာ မင်းမေကြီးကမိုးလင်းတော့မယ်"

"အေး မင်းဘိုးအေကြီးကခုမှ၁၀နာရီပဲရှိသေးတယ်"

"အော်ဟုတ်လား"ရယ်ကျဲကျဲနဲ့ဖြေလာသည်။

"ဘာတွေဖြစ်နေတာလဲ"

"ငါရှောင်းနဲ့လမ်းခွဲလိုက်ပြီ"

သောက်နေသောအရက်တောင်သီးချင်သလိုဖြစ်သွားတယ် 8နှစ်လောက်တွဲခဲ့တဲ့ သူတို့နှစ်ယောက်ပြတ်ဖို့ဆိုတာ ယုံဖို့ခဲယဉ်းတယ်မလား ထိုစကားဖြေ‌တဲ့၀မ်ကတော့ မျက်လုံးတွေပင်နီရဲနေသည် အရက်တွေလည်းမသောက်ဖူးပဲ ‌သောက်နေတာဆိုရင်တော့

AGAIN [Completed]Where stories live. Discover now