Part-6

5K 413 5
                                    

လွန်ခဲ့သော 11နှစ် (သူတို့နှစ်ယောက် ချစ်သူမဖြစ်ခင်)

အထက်တန်းကျောင်းတစ်ခုရဲ့စာသင်ခန်းတစ်ခုအတွင်းမှာ ၀မ်ရိပေါ်ဟာ တခြားကျောင်းသားတစ်ယောက်နဲ့ရန်ဖြစ်နေတယ်။ အကြောင်းအရင်းက တစ်ဖက်ကကျောင်းသားက သူတို့ရဲ့ အဖွဲ့ထဲကတစ်ယောက်ကိုရန်စခဲ့လိုပဲ ဖြစ်ပုံက မနေ့ကဘောလုံးကွင်းထဲမှာ ရိပေါ်တို့အုပ်စုဘောလုံးကန်တာကို အဲ့ကျောင်းသားက မကန်တတ်ပဲ ကန်နေပြန်ပြီလို့ ရန်စမိလိုက်တာကြောင့်ဖြစ်သည်။

၀မ်ရိပေါ်ဆိုလျှင်တစ်ကျောင်းလုံးမသိတဲ့လူမရှိ ချမ်းသာတဲ့၀မ်အိမ်တော်ရဲ့သခင်လေးဖြစ်သလို အနေတည်သည် ။ရန်စခံရင်လျှင် ပြန်လုပ်သည်။ ကောင်မလေးတွေလာကြိုက်ရင်လည်းပြန်မကြိုက် သူ့ဘာသာသူ နေသည် ပရောပရည်လုပ်တာမျိုးလည်းမရှိဘူး။ သူတို့သူငယ်ချင်းအဖွဲ့ ကိုတစ်ဖွဲ့လည်း အဲ့လိုပုံစံမျိုးတွေပင် စာကိုတော့တစ်ဖွဲ့လုံးဘယ်သူမှစိတ်မ၀င်စားဘူး။

သူတို့အဖွဲ့မှာ ရိပေါ်ရယ် ဟောက်ရွှမ်းရယ် ယွီဘင်းရယ် ကျိရန်ရယ် ဟွိုက်ခမ်းရယ်ပါတယ် ငါးယောက်ပေါ့ အကုန်လုံးက သူဌေးသားတွေကြီးပဲ ကားဆို တစ်ပါတ်တခါ ထည်လဲစီးနိုင်သည် ဒါမယ့် သူတို့ငါးယောက်က မာန်ထောင်တာတောင်ဘာတွေမရှိဘူး သူ့စတိုင်နဲ့သူသာနေသည် ရည်းစားရူပ်တဲ့လူက ဟွိုက်ခမ်းတို့ ဟောက်ရွှမ်းတို့ပေါ့ တွဲလိုက်တဲ့ကောင်မလေးကလည်း သူတို့အသက်ထက်တောင်များလောက်တယ် အတည်တကျလည်းတစ်ယောက်မှမတွဲဘူး တစ်နေ့သူတို့သူငယ်ချင်းအုပ်စုထဲကို နောက်ထပ်သူငယ်ချင်းတစ်ယောက်ရောက်လာခဲ့တယ်

တစ်နေ့ ၀မ်ရိပေါ် စာကျက်နေတုန်း အောက်ထပ်မှ မားမားက သားရေဆင်းလာခဲ့အုန်းဆိုတဲ့အသံကြောင့် လှေကားပေါ်မှပျင်းရိပျင်းတွဲ့ပုံစံလေးဖြင့် သူဆင်းလာတဲ့ပုံကို မျက်လုံးပြူးပြူးနဲ့ ယုန်သွားလေးနှစ်ချောင်းရှိသော ကောင်လေးက စိတ်၀င်တစားကြည့်သည်။အဲ့ကောင်လေးနဲ့သူနဲ့ဆို ရွယ်တူလောက်ပဲလို့ထင်တာပဲ

"သား ဒါကမားသူငယ်ချင်း အန်တီမေဟွားလေ ဟိုနိုင်ငံခြားကအန်တီဆိုတာလေ"

AGAIN [Completed]Donde viven las historias. Descúbrelo ahora