Part-11

3.6K 371 6
                                    

အဲ့နေ့က လေဆိပ်မှာ သူတို့ရန်ဖြစ်ခဲ့ကြတယ်။ ဒီတိုင်း စကားများရုံလောက်လေးပါ သရုပ်ပျက်ပြီး တယောက်ကိုတယောက် ထိုးရလောက်အောင်ထိ သူတို့နှစ်‌ယောက်မဖြစ်ဖူးဘူး။

"၀မ် မင်းဖြေစမ်း ငါကမင်းအတွက်ဘာလဲ"

"ရှောင်း ကိုယ်တောင်းပန်တယ်ကွာ ‌ကိုယ်မှားတာ ကိုယ်မေ့သွားတာ"

"၀မ် တော်လိုက်တော့ မင်းမမေ့သင့်ဘူးလေကွာ ပြီးတော့ မင်းငါ့ကိုအလေးမထားဘူး"

"...."

"ငါကမင်းအတွက် ဘယ်နေရာမှာမှ အရေးမပါဘူးလား ဟုတ်လား ၀မ် ဖြေလေကွာ"

"ကိုယ်မှားတယ် ရှောင်းရယ် တကယ်ပါ ကိုယ်မှားတယ် ကိုယ်ပြောသွားခဲ့သင့်တာ"

"ပြောခဲ့သင့်တာမဟုတ်ဘူး ၀မ် ပြောကိုပြောရမှာ သူများပြောလို့သိမှ ငါကအရူးလိုပဲ"

ထိုစကားတွေပြောရင်း ရှောင်းရဲ့မျက်ခမ်းစက်နားလေးကရဲနေတယ် ရှောင်းတကယ် ဒေါသထွက်နေတာပဲ

ဒီအချိန်မှာ ရှောင်းကိုဘာဖြေရှင်းချက်မှသူမပေး‌ချင်တော့ဘူး။ ရှောင်း စိတ်ပြေမှပဲ သူရှင်းပြလိုက်တော့မယ် လေဆိပ်မှာ လူတွေကလည်းဝိုင်းကြည့်နေကြပြီ။ သူတို့နှစ်ယောက်ရန်ပွဲကို ‌၀မ်နဲ့လေဆိပ်အတူဆင်းလာတဲ့သူငယ်ချင်းတွေက ဖျန်ဖြေမှ ကား ကိုယ်စီမောင်းထွက်သွားကြသည်။ သူလည်းကိုယ့်ကားကိုမောင်းပြီးထွက်ခဲ့လိုက်တယ်။ ၀မ်နဲ့တူတူမထိုင်ချင်ပါ။

ချစ်သူသက်တမ်းကြာလေလေ ကျွန်တော်တို့ရဲ့ဆက်ဆံရေးတွေကချစ်သူနဲ့မတူလေပါပဲ။

အဲ့နေ့က အကလေ့ကျင့်နေရင်း အဖွဲ့ထဲမှ သူငယ်ချင်းတစ်ယောက်က ဒူဘိုင်းကိုသွားလည်ရအောင်ဆိုပြီးပြောတယ် အားလုံးကလည်း ထောက်ခံတာကြောင့် သူလည်း ဘာမှပြန်ပြောမနေတော့ ပြီးတော့လက်မှတ်ကလည်းချက်ချင်းbookingတင်လိုက်တော့ ညတွင်းချင်းသွားလို့ရခဲ့သည်။ အိမ်ပြန်လာပြီး အ၀တ်အစားတွေယူပြီး လေယာဉ်ပေါ်တက်ချိန်ထိ ရှောင်းကိုပြောဖို့သတိမရခဲ့ပါ။

ဒူဘိုင်းမှာလျှောက်လည်နေရင်း ပင်ပန်းတာတွေနဲ့ရော ရှောင်းနဲ့ဖုန်းတောင်မပြောဖြစ်ပါ။
မားကတော့ အ၀တ်အစားထည့်နေတုန်းလာမေးတာကြောင့် ဒူဘိုင်းသွားမည်ဟုပြောခဲ့သည်။

AGAIN [Completed]Tempat cerita menjadi hidup. Temukan sekarang