Part-8

3.8K 410 18
                                    

ဒီနေ့ သူတို့ခြောက်ယောက်လုံး ၀မ်အိမ်တော်မှာစာစုလုပ်ကြသည်။

သူမပြန်ခင်ထဲက ရိပေါ်က အပြန်သူလိုက်ပို့မယ် ကားမခေါ်နဲ့လို့ပြောတာကြောင့် အိမ်ကကားကိုဒီနေ့လာမခေါ်ရန် ပြောထားရသည်။

အပြန်ကျတော့ ရိပေါ်နဲ့တူတူလမ်းလျှောက်ပြန်ကြသည်။ ရိပေါ်က သရေကြိုးဘောင်းဘီ မီးခိုးရောင်လေးနဲ့ T-Shirtအနက်လေးကိုပေါ့ပေါ့ပါးပါး၀တ်ထားသည်။ သူကလည်းရိပေါ်နည်းတူပင် အရောင်နဲ့ပုံစံလေးနည်းနည်းသာကွဲသည်။

လမ်းတလျှောက်လုံးဘာစကားမှမပြောသည့်ရိပေါ်က ဒီနေ့ပြောစရာရှိသည်ဟု ပြောထားတာမေ့များနေလားမသိဘူး။

ခဏနေတော့ ရိပေါ်က သူ့လက်သူအချင်းချင်းဖိချေကာ ရှောင်းကျန့်ကိုမဝင့်မရဲကြည့်တယ်။

"ရှောင်းကျန့် ပြောစရာရှိတယ်"

"အင်း..‌ပြောလေ"

"မင်း ငါ့ကိုစိတ်မဆိုးပါနဲ့"

"ဘာပြောမှာမို့လို့လဲ"

"စိတ်မဆိုးဘူးပဲပြော"

"အင်းအင်း မဆိုးဘူး"

"ငါအတည်ပြောတာပါ တွေ့တာမကြာသေးပေမယ့် ငါမင်းကိုတကယ်ချစ်နေတာ"

"...."

"ရှောင်း ငါ့ကိုစိတ်ဆိုးသွားတာလား"

ဘယ်လို! ဝမ်ရိပေါ်ကငါ့ကိုချစ်တယ် တကယ်ဖွင့်ပြောတာလား ငါ‌လည်းသူ့ကိုချစ်နေမိတယ်ထင်တယ် သူနဲ့တွေ့တိုင်းရင်တွေအရမ်းခုန်တာပဲ။

"ရှောင်း ပြန်ဖြေပါဦး"

ရှောင်းတဲ့ ၀မ်ရိပေါ်က သူ့အတွက် ကိုယ်ပိုင်နာမ်စားလေးတစ်ခုပေးခဲ့တယ်။

"ဟို...."

"တစ်မျိုးထင်သွားလား ငါစောင့်ပါ့မယ်"

"ငါလည်း ၀မ့်ကိုချစ်ပါတယ်"

အံ့ဩသလိုမျက်နှာလေးနဲ့မော့ကြည့်ထာတဲ့ ၀မ်က ခုနကမဲ့သွားတဲ့မျက်နှာလေးကသူမဟုတ်တဲ့အတိုင်းပဲ။

"တကယ်လား ရှောင်း"

၀မ့်ရဲ့အသံတွေကသိသိသာသာတုန်ယင်နေတယ်။ ပြီးတော့ လက်ရှည်ရှည်သွယ်သွယ်တွေနဲ့ဆွဲဖက်ပြီးရင်ခွင်ထဲကိုထည့်ထားတယ်။ ဘ၀မှာပထမဆုံးခိုလှုံဘူးတဲ့ ၀မ့်ရဲ့ရင်ခွင်ကနွေးထွေးပါတယ်။

AGAIN [Completed]Where stories live. Discover now