ရှောင်းက အငှားကိုယ်၀န်ဆောင်တာကိုလက်ခံပေးတာကြောင့် ကိုယ်၀န်ဆောင်ပေးမယ့်လူကိုသူတို့ရှာရသည်။ နောက်တော့ကောင်မလေးတစ်ယောက်က ဆောင်ပေးမည်ဟုပြောတာကြောင့် သူတို့နှစ်ယောက်ရဲ့သွေးသားလေးက ဖန်ပေါင်းချောင်ထဲမှာ တော်တော်ကြီးလာပြီဆိုမှ အဲ့ကောင်မလေးရဲ့ဗိုက်ထဲမှာထည့်ပြီးမွေးတယ်။
သူတို့ရင်သွေးလကိုလွယ်ပေးထားတဲ့ကောင်မလေးက သူတို့ သေချာစောင့်ရှောက်ပါတယ်။ အစားအစာ အ၀တ်အစား နေရာကပါမကျန် အကုန်လိုလေးသေးရှိမရှိ။ ကိုးလလွယ်ဆယ်လမွေးဆိုသည့်အတိုင်း သူတို့ရဲ့ကလေးလေးကိုမွေးဖွားခဲ့သည်။
"သားလေး မွေးတယ်ရှင် မိခင်လည်းကျန်းမာပါတယ်"
ခွဲခန်းထဲမှာ Nurseအပြင်ထွက်လာပြီး သားလေးမွေးကြောင်း မွေးပေးတဲ့ ကောင်မလေးကျန်းမာကြောင်းပင်။ သားလေးက ဝမ်ရိပေါ်နဲ့အသားဖြူတာနဲ့ပါးဖောင်းတာလေးတူပြီး ရှောင်းကျန့်ရဲ့မှဲ့လေးပါလာတယ်။ တကယ့်ကိုအဖေနှစ်ယောက်ရဲ့ အရာအားလုံးနဲ့လာတူနေတယ်။
အငှားကိုယ်၀န်ဆောင်ပေးသည့် ကောင်မလေးဆေးရုံကဆင်းတော့ သူတို့က အိမ်တလုံး၀ယ်ပေးရန်လုပ်တော့ ကောင်မလေးကငြင်းသည်။ မွေးရပ်မြေကခဏပြန်မည်တဲ့။ အဲ့တာကြောင့် ငွေကြေးတွေဘာတွေထောက်ပံ့ပြီး မွေးရပ်မြေကိုပြန်ပို့ပေးလိုက်တယ်။
သားသားလေးရဲ့နာမည်က ၀မ်ယွင်ကျန့်တဲ့။
နှစ်ဖက်မိသားစုလေးရဲ့အချစ်ခံလေး ရှောင်းမိန်းကလည်း သားလေးတစ်ယောက်မွေးထားတယ်။ ယွင်ကျန့်ထက်တော့ နှစ်နှစ်ကြီးတာပေါ့။"အူဝဲ....."
"အယ် ပါးပါးသားလေး ငိုနေတယ်ဟုတ်လား
လာပါဦး ဘာများဖြစ်လို့လဲဗျ"ပုခက်ထဲတွင် သားလေးကငိုနေတာကြောင့် အခန်းထဲအပြေး၀င်လာပြီး ကလေးသံလေးနဲ့မေးတော့ သူ့ကိုမျက်လုံးပြူလေးနဲ့ကြည့်လာသည်။ ခဏနေတော့ ၀မ်ကပါအခန်းထဲရောက်လာပြီး သားသားလေးကိုချော့မြူနေတယ်။
"အိုက်ယား ဒက်ဒီသားလေးက ငိုနေတာပဲ"
စကားတွေကိုနားလည်သလိုလေး မျက်လုံးပြူလေးနဲ့ကြည့်နေတာကြောင့် သူတို့နှစ်ယောက်မှာကြည်နူးရသေးသည်။
ВЫ ЧИТАЕТЕ
AGAIN [Completed]
Фанфик"ကိုယ်တို့ဘာလို့လမ်းခွဲခဲ့တာလဲ" Fic cover from Pinterest All include photo on Pinterest Words are my own creation..