Part-17

4.1K 374 10
                                    

မနက်ကျတော့ တော်တော်နဲ့နိုးမလာကြပါ။ ကားက အကောင်းစားကားဆိုတော့ UV ပါမှန်တွေဆိုတော့ နေရောင်တွေက ကားထဲကိုမရောက်ဘူး။ ပြီးတော့နောက်ခန်းထဲမှာလည်း အိစက်စက်စောင်အကြီးကြီးကို သုံးယောက်လုံးပေါ်မှာလွှမ်းခြုံထားပြီး ခေါင်းအုံးသေးသေးလေးတွေလည်းရှိတာကြောင့် ကားစီးရတာနဲ့မတူပဲ အိပ်ယာထဲရောက်နေသည့်အတိုင်းပင် နောက်ကသုံးယောက်အိပ်နေတော့ မနှိုးရက်တာနဲ့ဟောက်ရွှမ်းရယ် ဟွိုက်ခမ်းရယ်ပဲ တစ်လှည့်စီမောင်းလာလိုက်တယ်။

7နာရီလောက်ကျတော့ ရှောင်းကျန့်က နိုးလာတယ်။ ပြီးတော့ သူကခေါင်းအုံးပေါ်မှာအိပ်နေတာမဟုတ်ပဲ တဒုတ်ဒုတ်မြည်နေတဲ့နှလုံးခုန်သံနဲ့အတူ လူတစ်ယောက်ရဲ့ရင်ခွင်ထဲမှာတဲ့။ အဲ့လူကလည်း ၀မ်။

၀မ်ရဲ့ရင်ခွင်ထဲမှ အမြန်ရုန်းထွက်လိုက်တော့ ၀မ်ကနိုးလာသည်။ အိပ်ချင်မူးတူးရုပ်နဲ့သူ့ကိုစိုက်ကြည့်နေကာ သမ်း‌ဝေ နေတယ်။ ခဏ‌ကြာတောါ ကျိရန်ပါနိုးတာနဲ့ လမ်းဘေးတနေရာမှာ ကားရပ်လိုက်ကာ သူတို့ခြောက်ယောက်လုံး မျက်နှာသစ် သွားတိုက်က ရေသန့်ဗူးတွေနဲ့လုပ်ကြကာ သဘက်သေးသေးလေးတွေ ကိုယ်စီပခုံးပေါ်တင်ရင်း ကားဆီသို့ပြန်လျှောက်လာလိုက်သည်။

ကားပေါ်ရောက်တော့ driverနေရာကို ရှောင်းကျန့်က ၀င်နေရာယူတယ်။ ၀မ်ကဘေးနားမှာလာထိုင်တယ်။ ဟွိုက်ခမ်းနဲ့ ဟောက်ရွှမ်းက ညကတစ်ညလုံးမောင်းထားရတာကြောင့် သူတို့ကိုနားခိုင်းကာ သူတို့သုံးယောက်အလှည့်ကျမောင်းရန်လုပ်လိုက်သည်။ သိပ်မဝေးတော့တဲ့နေရာ‌ေရာက်ခါနီးမှာ ရှောင်းကျန့်ကမောင်းလိုက်၍ ရိပေါ်နဲ့ ကျိရန်ကမောင်းစရာမလိုတော့ပေ။

ဟိုတယ် ၀င်ပေါက်ကို ကားချိုးကွေ့ကာ ၀င်လိုက်တော့ ၀န်ထမ်းတွေက နှုတ်ဆက်လာသည်။ ဟိုတယ်ကတော်တော်ကျယ်ကာ ကားပါကင်ရှိတာကြောင့် ကားထိုးပြီးတာနဲ့ အထုပ်တွေလာသယ်ပေးတာကြောင့် သူတို့တွေအတွက်အဆင်ပြေသွားသည်။ ဟိုတယ်ကောင်တာနားရောက်တော့လည်း ဖရဲသီးစိတ်လေးကို အလှပုံဖော်ထားသည့် အချိုတည်းစရာတွေလာပေးတာကြောင့် တယောက်တလုပ်မြည်းလိုက်ကြသည်။

AGAIN [Completed]Where stories live. Discover now