Part-14

3.9K 449 14
                                    

အခုငါတို့ဇာတ်လမ်းတွေကပြီးဆုံးသွားပြီ
အရင်အချိန်တွေကိုပြန်မရောက်နိုင်ဘူး
ချစ်ခဲ့ကြပါတယ် ထင်တာပဲ
အလေးအနက်မရှိတဲ့ဆက်ဆံရေးနဲ့ အေးစက်စက်တွေက ငါတို့နှစ်ယောက်ကိုဝေးစေခဲ့တယ်

အကုန်လုံးလည်းပျက်စီးသွားပြီ
ငါတို့လည်း လမ်းခွဲလိုက်ကြပြီ

ပြတ်ဆဲပြီးတဲ့နောက်မှာ အတတ်နိုင်ဆုံးတစ်ယောက်နဲ့တစ်ယောက်မတွေ့အောင်ရှောင်တယ်။ သူငယ်ချင်းတွေကစုပြီးတွေ့ကြမယ်ပြောရင် ၀မ်ရိပေါ်ပါရင် ရှောင်းကျန့်မလိုက်သလို ရှောင်းကျန့်ပါရင်လည်း၀မ်ရိပေါ်မလိုက်ဘူး။ ဘာလို့လဲဆိုရင်တော့ အကြောင်းပြချက်မရှိဘူးပေါ့ အရင်တုန်းကအရာတွေကိုဆန်းစစ်ရင်း အဲ့ထဲထပ်တိုး၀င်ပြီးနာကျင်မှုကိုကြောက်နေကြတယ် တိုး၀င်ဖို့ထက်ရှောင်ဖယ်ဖို့ကိုပဲရွေးချယ်ကြတယ်။

အမှတ်တရတွေကိုမေ့ပြစ်ဖို့ကြိုးစားပေမယ့် ‌မမေ့နိုင်တဲ့အခါ နှလုံးသားထဲမှာသော့ခတ်သိမ်းထားတယ် တစ်သက်လုံးသိမ်းထားဖြစ်ရင်လည်း သိမ်းထားမိမယ် မပြောတတ်ဘူး အဖြေမရှိတဲ့အရာတွေပေါ့။

မိဘတွေကိုတွဲတုန်းကသဘောတူထားပြီး စေ့စပ်ကြောင်းလမ်း‌ခြင်းကို ငယ်သေးလို့မလုပ်ချင်ပါဘူးလို့နှစ်ယောက်လုံးတားခဲ့တယ်
အခုတော့ စေ့စပ်မှုမလုပ်ရ‌သေးခင် ပျောက်ပျယ်သွားခဲ့ပြီ။

ဒဏ်ရာရသွားတဲ့လူတွေဟာ အဲ့ဒဏ်ရာရအောင်ဘယ်တော့မှမလုပ်မိကြဖို့ အလုပ်တွေထဲပဲစိတ်နှစ်ကြတယ် 5နှစ်အတွင်းမှာ အလုပ်တွေကိုသဲကြီးမဲကြီးလုပ်တဲ့ရလဒ်ကအောင်မြင်မှုတဲ့ လူမှုနယ်ပယ်မှု အောင်မြင်ကျယ်ပြန့်လာတာနဲ့အမျှ လူမျိုးစုံနဲ့ဆက်ဆံကြရတယ် အထာလာပေးတဲ့လူတွေကိုလည်းငြင်းပစ်တယ် သူတို့လိုrelationshipမျိုးမဖြစ်ချင်ဘူး။ နောက်တစ်ယောက်ကိုလည်းမချစ်ချင်သေးဘူး။

အနုပညာရှင်တွေအဖြစ်လျှောက်လှမ်းနေကြပေမယ့် သူတို့တစ်ခါမှမတွေ့ဖစ်ကြဘူး တီဗီမှာကြေညာလာရင်တော့ ကြည့်လိုက်တယ် အပြင်မှာတော့ နီးမလိုနဲ့ဝေးတယ် လွဲနေတာတွေကများတယ်

AGAIN [Completed]Where stories live. Discover now