Part-10

4K 398 11
                                    

ချစ်သူသက်တမ်း ငါးနှစ်

အထက်တန်းကျောင်းအောင်ပြီး ကိုယ်စီကိုယ်စီ တက်ချင်တဲ့တက္ကသိုလ်တွေကိုရွေးကြတယ်။ ရှောင်းနဲ့သူကအနုပညာကျောင်း ဟောက်ရွမ်း ကျိရန် ယွီဘင်းတို့ကတော့စီးပွားရေးမေဂျာတွေယူကြတယ်။
ရှောင်းနဲ့သူနဲ့ အဲ့မေဂျာတွေရွေးတုန်းက တစ်လလောက်စကားကောင်းကောင်းမပြောဖြစ်ကြဘူး။ သူတို့အဲ့နေ့က စကားများခဲ့ကြတယ်။

မေဂျာတွေရွေးတဲ့နေ့က ရှောင်းကိုဘာကျောင်းရွေးမှာလဲမေးတော့ ရှောင်းကအနုပညာကျောင်းတဲ့။ သူတကယ် အံ့ဩသွားပါတယ်။ ရှောင်း အနုပညာကိုစိတ်၀င်စားတာ သူသေချာကိုမသိခဲ့ဘူး။ ပန်းချီဆွဲတာသိပေမယ့် ဒီတိုင်းဝါသနာအရ ဆွဲတာလို့ပဲထင်တာ ချစ်သူသက်တမ်းကြာနေပြီပဲကို ရှောင်းကဒါလေးတောင် သူ့ကိုမပြောပြဘူး။
ဖုန်းပြောပြောပြီးချင်း ရှောင်းအိမ်တော်ကိုလိုက်သွားပြီး ရှောင်းကိုခြံရှေ့မှာရောက်နေတယ်လို့ပြောတော့ ခုနကပဲဖုန်းပြောပြီးတာဘာလို့ချက်ချင်းကြီးလိုက်လာတာလဲမေးတော့ ရှောင်းရဲ့လက်ကိုဆွဲကာ ခြံရဲ့လူတိတ်တဲ့နေရာဘက်ကိုသွားလိုက်တယ်။

"ရှောင်း မင်းပြောစမ်း"

"ဘာကိုလဲ ၀မ်"

မေးခွန်းမေးလာတဲ့ ၀မ်က တစ်ခုခုကိုဒေါသအကြီးအကျယ်ထွက်နေခဲ့တဲ့ပုံပါပဲ။ အဲ့တာသူ့ကြောင့်လား...

"ရှောင်း မင်း အနုပညာကိုစိတ်၀င်စားတာ ငါနည်းနည်းလေးတောင်မသိရပါလား ရှောင်းမင်းပြောလေ ချစ်သူဖြစ်တာ ဒီလောက်တောင်ကြာနေပြီ ငါ့ကိုနည်းနည်းလေးတောင်မပြောပြခဲ့ဘူး ငါအစတည်းက ရှောင်းကို ငါအနုပညာစိတ်၀င်စားတယ်လို့ပြောပြခဲ့တာ ရှောင်း မင်းအဲ့ချိန်ထဲကပြောပြသင့်တာမဟုတ်ဘူးလား"

"....."

"တောက်... ရှောင်း မင်းကွာ"

၀မ်က အပြစ်တင်စကားတွေအများကြီးပြောခဲ့ပါတယ်။

"ငါတောင် ငါ့ဝါသနာကို မင်းပြောပြတုန်းက သေချာမသိခဲ့သေးဘူး ၀မ် ဒီနှစ်အတွင်းမှာမှပိုသေချာသွားလို့ ငါဒီကျောင်းကိုတက်ခဲ့တာ ငါမင်းကိုတမင်မပြောပြတာမဟုတ်ဘူး"

AGAIN [Completed]Where stories live. Discover now