၀မ်အိမ်တော်ရှိမီးဖိုချောင်ထဲတွင် ထမင်းချက်များအစေခံများအလုပ်ရူပ်နေကြသည် ဒီနေ့ ရှောင်းအိမ်တော်က ၀မ်အိမ်တော်ကိုထမင်းစားဖိတ်ထားလို့လာကြမှာဖြစ်သည် သခင်လေးရှောင်းလည်းပါလာမည်ဟုပြောသံကြားတာကြောင့် အိမ်ဖော်မလေးသပ်သပ်ရပ်ရပ်နဲ့မျက်နှာပေါ်မှာနှုတ်ခမ်းဆိုးဆေးတွေမိတ်ကပ်တွေဖြင့် ရောင်စုံခြယ်သထားကြသည် နာမည်ကြီးမင်းသားတယောက်ကိုအနီးကပ်မြင်ဖူးရမှာကြောင့် အားလုံးကစိတ်လှုပ်ရှားနေကြတာဖြစ်သည်
၀မ်သခင်လေးလည်းနာမည်ကြီးမင်းသားဆိုပေမယ့် ဟိုအရင်တည်းကတွေ့ဖူးနေတာကော ၀မ်သခင်လေးက အမြဲအေးတိအေးစက်နေတာကြောင့် မျက်နှာမြင်ရခဲသည် သူ့ဘာသူနေတာပဲများသည် ဘယ်သူနဲ့မှအရောတ၀င်မရှိလှဘူး
"ဟဲ့ ဒီနေ့ ရှောင်းသခင်လေး လာမှာနော်"
"ဟုတ်တယ် ငါအရမ်းတွေ့ချင်နေပြီ"
"သူကအရမ်းလှတယ်တဲ့ ယောကျာ်းတစ်ယောက်ကိုလှတယ်လို့မသုံးသင့်ပေမယ့်သူကိုက လှလွန်းနေတာတဲ့"
"ကဲကဲ တော်ကြတော့ လာရင်မြင်ကြမှာပဲ အခုအလုပ်လုပ်ကြတော့"
စားဖိုကဲကြီးအော်လိုက်မှပဲ စုရုံးနေရာကနေ လူကွဲသွားပြီး လုပ်စရာရှိတာများသွားလုပ်နေကြသည်
ဒီမနက်ခင်းက၀မ်ရိပေါ်အတွက် သိပ်လှပပါသည် မနေ့ညက ရှောင်းကသူ့ကို messageလှမ်းပို့တယ် သူလည်းလိုက်လာမယ်တဲ့ ဒါကြောင့် သူမနက်စောစောထပြီး ခြံထဲဆင်းကာ ပန်းခင်းနားမှာအလုပ်ရူပ်နေမိသည်
"ရှောင်းအိမ်တော် ရောက်လာပါပြီ သခင်ကြီး"
အိမ်တော်ထိန်းအော်သံကြားတော့ ၀မ်သခင်ကြီးရော သခင်မကြီးပါ အပေါ်ထပ်ကနေဆင်းလာကြသည် ၀မ်ရိပေါ်ကတော့ ပန်းခင်းထဲကနေအပြေးနှင်လာရတာပေါ့
"မေဟွားရယ် မတွေ့တာကြာပြီ သတိရနေတာ"
"ငါလည်းတူတူပါပဲ လုရီရယ်"
"ကျန်းခန့်သာလို့မာပါရဲ့လား ရှောင်းဖန်းဝေ"
"၀မ်ရိကျန်း ရော လုပ်ငန်းတွေအဆင်ပြေပါရဲ့လား"
YOU ARE READING
AGAIN [Completed]
Fanfiction"ကိုယ်တို့ဘာလို့လမ်းခွဲခဲ့တာလဲ" Fic cover from Pinterest All include photo on Pinterest Words are my own creation..