"Yubinငါရူးတယ်မလား"
အစမရှိ အဆုံးမရှိ တန်းလန်းတွေကိုရှောင်းကျန့်တစ်ယောက်သိပ်ကိုပြောတတ်တယ် ခုပဲကြည့် ငါရူးနေလားဆိုတော့ အေးရူးနေတယ်လို့ဖြေလိုက်ရင်လည်း စကားဆက်ပြောတော့မှာမဟုတ်ဘူး အလိုက်သင့်လေးဖြေရတာပေါ့
"ဘာဖြစ်လို့လဲ ရှောင်းကျန့်"
"ငါမနေ့က ၀မ်နဲ့တွေ့ခဲ့တယ်"
"၀မ် ဟုတ်လား wangyiboပဲ ဟိုနေ့ကဖုန်းနံပါတ်တောင်းထဲကထူးဆန်းနေပါတယ်လို့"
"၀မ်နဲ့ငါ့ကြားမှာ တော်တော်ကြီးကိုဝေးသွားခဲ့ပြီ"
"ဘာတွေဖြစ်ခဲ့တာလဲ ရှောင်းကျန့်"
Yubinအသိဆုံးပဲ ၀မ်နဲ့ရှောင်းရဲ့အကြောင်းကို သူတို့ရဲ့သူငယ်ချင်းဖြစ်ခဲ့တော့ပိုလို့တောင်သိတယ်
"ငါတို့မနေ့ကစကားတွေပြောတယ် မြိုသိပ်ထားတာတွေအများကြီးပဲ ငါတို့ ပွင့်ထွက်မလာဘူး တစ်ယောက်ကိုတစ်ယောက်ပြောပြဖို့"
"မင်းတို့ကအရင်ထဲကအဲ့လိုပဲလေ"
"၀မ့်ရဲ့အကြည့်တွေက တစ်ခုခုကိုပျောက်ဆုံးနေသလိုပဲ ငါခံစားမိတယ်"
"မင်း ၀မ့်ကိုချစ်နေသေးတာလား"
သူ့စကားဆုံးတာနဲ့ ရှောင်းကျန့်က ဟက်ဟက်ပက်ပက်ရယ်ပါသည် ရယ်စရာပြက်လုံးမဟုတ်လည်း ရှောင်းကျန့်ရယ်တတ်သည် ဒါ၀မ်းနည်းမှုတွေကိုဖွင့်ချပြမမိစေဖို့ ဖုံးဖိလိုက်တဲ့တစ်ခုတည်းသောနည်းလမ်းပင်
"ရယ်စရာပါလို့လား ရှောင်းကျန့်"
"ငါကချစ်နေသေးပါတယ်ဆိုရင်တောင် ၀မ်ကချစ်ပါ့ဦးမလား"
"၀မ့်ကိုမေးကြည့်လိုက်လေ"
"ချစ်နေသေးတယ်ဆိုရင်တော့ အရင်လိုမဖြစ်နိုင်ဘူးလို့မပြောနိုင်သေးဘူးလေ"
"....."
"နောက်တခါထပ်ဝေးသွားရင် ငါတို့ဘယ်တော့မှ ထပ်တွေ့ကြတော့မှာမဟုတ်ဘူး"
"၀မ့်ကိုငါမေးပေးရမလား"
"No No မလုပ်နဲ့ yubin ငါဒီတိုင်းပဲနေချင်တယ် ငါ့ခံစားချက်တွေကိုငါကိုယ်တိုင်တောင်နားမလည်ဘူး"
YOU ARE READING
AGAIN [Completed]
Fanfiction"ကိုယ်တို့ဘာလို့လမ်းခွဲခဲ့တာလဲ" Fic cover from Pinterest All include photo on Pinterest Words are my own creation..