အနုပညာလုပ်ငန်းတွေကိုအောက်ခြေကနေနှစ်ယောက်လုံးက၀င်ပြီးကြိုးစားတယ် ဖော်ရွေတယ် ဘယ်လောက်ပဲစိတ်ဓာတ်ကျကျ အမြဲပြုံးနေတာပဲ အကဘက်ကိုအားပိုသန်တဲ့ရိပေါ်ဟာ အခုသီချင်းတွေပါ ဆိုလာပြီဖြစ်တယ် သိပ်မအောင်မြင်သေးတဲ့အနုပညာရှင်ပေါက်စလေး ရှောင်းကျန့်ကလည်း အဲ့လိုပဲ အဆိုဘက်လိုင်းကိုယူထားပေးမယ့် အကကိုလည်းသူလေ့ကျင့်တယ်။
နောက်ခံတွေနဲ့ နာမည်မကြီးချင်တဲ့သူတို့က ကိုယ့်ဒူးကိုယ်ချွန်တယ် သူဌေးသားဆိုပြီး မာန်လည်းမတတ်သလို အများနည်းတူပဲ လုပ်တယ်ကိုင်တယ်စားတယ် ဒါပေမယ့် သူတို့နှစ်ယောက်မေ့နေတာကို တစ်ယောက်ကိုတစ်ယောက်အချိန်ပေးဖို့ရယ်ပါပဲ
ရှောင်းကျန့်တစ်ယောက် လေ့ကျင့်နေတာတွေ ပါးပါးရဲ့လုပ်ငန်းကိစ္စတွေနဲ့မအားတာ တော်တော်များပြီ ဒီနေ့ သူပိတ်ရက်ကြောင့်အနားယူနေတယ် ၀မ့်ကိုလည်းတွေ့ဖို့ခေါ်လိုက်ရင် ကောင်းမယ်ဆိုပြီး စဉ်းစားရင်း အိပ်ယာထဲမှာလှဲနေတဲ့ ခန္ဓာကိုယ်က ဘေးအနည်းငယ်စောင်းကာ ကုတင်ဘေးရှိခုံပုလေးပေါ်မှာတင်ထားတဲ့ ဖုန်းကို လှမ်းယူကာ ၀မ့်ရဲ့contactကိုနှိပ်တာ ဖုန်းခေါ်လိုက်တယ်။
ဖုန်းနှစ်callလောက်ဆင့်ခေါ်လိုက်တော့ ၀မ်ဘက်က ကိုင်လာတယ်
"ရှောင်း ဘာပြောမလို့လဲ"
"အင်း ၀မ် ဖုန်းခေါ်တာ ဘာလို့ချက်ချင်းမကိုင်တာလဲ"
"ညစာလေ ပါးပါးတို့က မင်းကိုပါခေါ်ခိုင်းလို့"
"ကိုယ်မအားဘူး ရှောင်း"
ပြန်ဖြေခြင်းမရှိတော့တဲ့ ဖုန်းလေးဟာ ဆက်သွယ်မှုဧရိယာပြင်ပ ရောက်သွားခဲ့ပါတယ် ညစာစားပွဲကို သူမသွားချင်ပါ အခုနောက်ပိုင်းခံစားမိတာတွေက ရှောင်းနဲ့သူနဲ့အရမ်းဝေးကွာနေပြီ ဘာတွေဘယ်လိုဖြစ်နေတဲ့ဆက်ဆံရေးတွေမှန်းတောင်ဖော်မပြတတ်တော့ဘူး အရမ်းအေးစက်လာတယ်။
ဘာမှပြန်မဖြေချင်တော့ပဲ ဖုန်းချလိုက်တယ်။
၀မ် မင်းနဲ့ငါနဲ့ကြားမှာ ဘာတွေကစည်းတွေအဲ့လောက်ခြားထားခဲ့တာလဲ ဘယ်လိုတွေဖြစ်ကုန်တာလဲ အရင်ကပုံမှန် Morning Goodnightလုပ်တဲ့ wechatကအခုဆိုရင် အသက်မဲ့လို့ တစ်နေ့လုံးနေရင်တောင် မင်းဆီကစာတွေရောက်မလာခဲ့ဘူး။ ငါကိုယ်တိုင်ကလည်း မင်းကိုမပို့ခဲ့ဘူး ဘာလို့လဲဆိုတော့ ငါလည်းမသိဘူး ငါတို့အရမ်းဝေးကွာနေသလို ခံစားရတယ်။
YOU ARE READING
AGAIN [Completed]
Fanfiction"ကိုယ်တို့ဘာလို့လမ်းခွဲခဲ့တာလဲ" Fic cover from Pinterest All include photo on Pinterest Words are my own creation..