ရှောင်းမိန်းတို့ရဲ့လက်ထပ်ပွဲပြီးတော့ ၀မ်ကရှောင်းကိုလက်ထပ်ခွင့်တောင်းတယ်။ ရှောင်းကကြည်ကြည်ဖြူဖြူလက်ခံပြီးနောက် မဂ်လာပွဲကျင်းပခဲ့တယ်။ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားပါပဲ။
အနုပညာအလုပ်တွေကအပြီးမလုပ်တော့တာမဟုတ်ပဲ နှစ်ယောက်လုံးက အနုပညာလောကကနေခေတ္တအနားယူပြီး နှစ်ကိုယ်တူဘ၀လမ်းကြားလေးကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းတယ်။ ပရိသတ်တွေကလည်းသူတို့နှစ်ယောက်လုံးလက်ထပ်လိုက်ကြပြီဆိုတာသိတော့ လက်ခံသူရှိသလို လက်မခံသူကလည်းရှိစမြဲပင်။
လက်ထပ်ပြီးနောက် စပိန်မှာနေကြတယ်။ ရှောင်းက သူ့အတွက် စိုက်ပျိုးထားတဲ့ လာဗင်ဒါပန်းခင်းကြီးရှိရာမှာနေချင်တယ်ဆိုတာကြောင့် ရှောင်းအကြိုက်ကိုလိုက်လျောပေးခဲ့တယ်။
လက်ထပ်ပြီး 3နှစ်
"ရှောင်း နိုးပြီးလား ထတော့လေ"
"မထချင်သေးဘူး ဆက်အိပ်အုန်းမယ်"
"ထပါကွာ အချစ်ရာ ကိုယ် မနက်စာပြင်ထားတယ်"
"ငါ့စိတ်ကထချင်နေပေမယ့် မျက်လုံးတွေကငါ့စကားနားမထောင်ဘူး ၀မ်ရဲ့"
"အဆိုးလေးကလုပ်ပီကွာ ထတော့ ကိုယ်ချီပြီးပို့ပေးမယ် ရေချိုးခန်းထိ အိပ်ပြီးလိုက်ခဲ့"
"အွန်း" ဆိုပြီး လည်ပင်းကိုသိုင်းဖက်ကာ ခါးမှာ ခြေထောက်နှစ်ဖက်ချိတ်ပြီး ပုခုံးပေါ်ကိုမေးတင်ကာ မျက်လုံးမှိတ်ပြီးရေချိုးခန်းထိလိုက်လာတယ်။
ရှောင်းရဲ့တကယ်အိပ်ချင်နေသည့်ပုံကြောင့် အပေါ်ထပ်တစ်ထပ်လုံးကို နာရီ၀က်လောက်ချီထားပြီး လမ်းလျှောက်ပေးနေလိုက်တယ်။
"ရှောင်း ရောက်ပြီထတော့"
"ဟင် ၀မ် ရေချိုးခန်းသွားနေတာလား ငါက တခြားကမ္ဘာများသွားနေသလားလို့"
"အဲ့လောက်ကြာနေတာတောင် ရှောင်းကမထဘူးလေနော် မျက်လုံးလေးတောင်မဖွင့်လာဘူး"
"၀မ်ကလည်း ငါအိပ်ချင်နေလို့ဟာကို"
"ကိုယ်ရှောင်းကို ရေချိုးခန်းခေါ်သွားမလို့ပဲ အရမ်းအိပ်ချင်နေတဲ့ပုံလေးကို သနားလို့ အပေါ်ထပ်တစ်ထပ်လုံး ပတ်ပြီး လမ်းလျှောက်ပေးနေလိုက်တာ"
ŞİMDİ OKUDUĞUN
AGAIN [Completed]
Hayran Kurgu"ကိုယ်တို့ဘာလို့လမ်းခွဲခဲ့တာလဲ" Fic cover from Pinterest All include photo on Pinterest Words are my own creation..