ဒီလိုနဲ့ သူတို့ အထက်တန်းဒုတိယနှစ်ကျောင်းသားလေးတွေဖြစ်ကုန်ပြီ။ ကျောင်းစစဖွင့်ချင်းရက်ကျတော့ သူစောစောထပြီး ရှောင်းကိုကျောင်းသွားဖို့ သွားခေါ်တယ်။ ရှောင်းအိမ်တော်ကိုရောက်တော့ ရှောင်းမားမားက ရှောင်းလေး မထသေးဘူးတဲ့။
ရှောင်းအိမ်တော်နဲ့လည်းသိပ်မစိမ်းတာမို့လို့ အိမ်ပေါ်ထပ်ကိုတက်လာပြီး ရှောင်းရဲ့အခန်းထဲကို၀င်လာလိုက်သည်။ ရှောင်းအခန်းလေးကို၀င်လိုက်တာနဲ့ လိမ္မော်နုရောင်လေးတွေကကြိုဆိုတယ်။ ရှောင်းကခုချိန်ထိ အခန်းကိုဆေးရောင်မပြောင်းသေးဘူးပဲ။ ကုတင်ပေါ်ကိုကြည့်လိုက်တော့ စောင်ကိုကျစ်လစ်စွာပတ်ထားပြီး လုံးထွေးနေတဲ့ကောင်လေးက နှစ်ခြိုက်စွာအိပ်ပျော်နေတယ်။ ပါးလေးကိုတို့လိုက်တော့ ပလွတ် ပလွတ်အသံတွေမြည်ကာ မြည်ကာ မြန်အိပ်သွားတယ်။
ဟက် ခနဲ တချက်ရယ်လိုက်ပြီး သူရှောင်းကိုထပ်မစသင့်တော့ဘူး။ နိုးရတော့မည် ဒီလိုပုံနဲ့သာဆို ကျောင်းနောက်ကျသွားနိုင်သည်။
"ထတော့လေ ရှောင်း"
"ဟင့်အင်း မား သားအိပ်ချင်သေးတယ်"
"ရှောင်းရယ် ထပါကွာနော် မားမားမဟုတ်ဘူး ကိုယ်ပါ"
သူ အဲ့လိုပြောလိုက်တော့ ဆတ်ခနဲထလာပြီး မျက်လုံးလေးတွေကိုပွတ်သတ်နေတယ်။
ပြီးတော့ အခုမှအိပ်ယာထလာတဲ့ အသံဩရှရှလေးနဲ့မေးတယ်။"ဟင် ၀မ် မင်းဘယ်လိုရောက်လာတာလဲ"
"ဒီနေ့ကကျောင်းတတ်ရမယ့် ပထမဆုံးရက်လေ အဲ့တာ ကိုယ်မင်းကိုလာနှိုးတာ"
"အာ ဟုတ်သား ငါမေ့နေတာပဲ"
"မေ့နေတာအသာထားပြီး ရေချိုးလိုက်ပါဦး ယုန်ကောင်လေးရဲ့ ကျောင်းချိန်မမှီပဲနေတော့မယ်"
"ဟုတ်ပီ ၀မ်"
စောင်ပုံထဲကအတင်းရုန်းထွက်ကာ ရေချိုးခန်းထဲကို ဖြေးဖြေးချင်း၀င်သွားသော ကောင်လေးကိုသူငေးကြည့်နေမိသည်။ အရပ်ရှည်ကြီးနဲ့ သွယ်လျလျခြေတံတွေနဲ့ထိုလူသားကို သူဘယ်အချိန်ကချစ်မိခဲ့လဲဆိုတာသေချာမသိခဲ့ပါ။ ဒါမှမဟုတ်....
YOU ARE READING
AGAIN [Completed]
Fanfiction"ကိုယ်တို့ဘာလို့လမ်းခွဲခဲ့တာလဲ" Fic cover from Pinterest All include photo on Pinterest Words are my own creation..