Part-19

4.1K 410 32
                                    

မီးပုံပွဲပြီးတော့ ညလည်းအတော်မိုးချုပ်နေပြီဖြစ်တာကြောင့် ရေချိန်တွေလည်းကိုက်နေကြပြီဖြစ်တာကြောင့် ကိုယ်စီကိုယ်စီအခန်း‌ထဲပြန်ကုန်ကြသည်။

မနက်ရောက်တော့ ဘီယာပဲသောက်ထားတာကြောင့်သိပ်တော့ ခေါင်းကမမူးနေပေ။ ဘေးကနာရီကို ရှောင်းကျန့်ယူကြည့်လိုက်တော့ မနက်7နာရီ နိုးနေပြီဖြစ်တာကြောင့်ပြန်မအိပ်တော့ပဲ ရေမိုးချိုးခေါင်းလျှော်ကာ dryerမှုတ်လိုက်ပြီး ဘောင်းဘီရှည်နဲ့ hoodieကောက်၀တ်ကာ ဟိုတယ်အခန်းပြင်ထွက်ကာ မနက်စာစားရန်ထွက်လာလိုက်သည်။

မနက်စာမစားခင် ပင်လယ်ဘက်သို့လေကောင်းလေသန့်ရူရန်ထွက်လာလိုက်တော့ ဟိုတယ်ကိုကျောပေးထိုင်တဲ့ ၀မ်နဲ့တွေ့ရသည်။ သဲပေါ်မှာ အိမ်ဆောက်နေသည်။ မနက်စောစောစီးစီး ကမ်းခြေကလည်းလူရှင်းနေတာကြောင့် အေးအေးဆေးဆေးလမ်းလျှောက်လို့ရသည်။

၀မ့်ဘေးနားသို့သွားလိုက်ကာ ရှေ့တည့်တည့်မှာခြေစုံရပ်လိုက်တော့ မော့ကြည့်လာသည်။

သဲအိမ်ဆောက်နေရင်း ရှေ့တည့်တည့်ကိုရောက်လာသော shoeအဖြူလေးက ရှောင်းမှန်းသူသိပါသည်။ မော့ကြည့်လိုက်တော့ မျက်၀န်းချင်ဆုံသည်။

"၀မ် အစောကြီးနိုးနေတာလား"

"ဟုတ်တယ် ရှောင်း မနက်6နာရီလောက်ထဲက"

"ခေါင်းမကိုက်ဘူးပေါ့"

"ဘီယာကသောက်နေကြဆိုတော့ ဘာမှမဖြစ်တော့ဘူး ရှောင်းရော"

"တူတူပဲ ဟိုကောင်တွေကညက အရက်နဲ့ရောသောက်တာလေ အဲ့တာကြောင့် ခုထိထလို့မရသေးတာနေမယ်"

"ကိုယ်လည်းသိတယ် သောက်ဖို့ပြောတော့ ငြင်းလိုက်တာ မနက်ကျ အဲ့ဒဏ်တွေမခံစားချင်ဘူး"

"၀မ် အခုအားလား"

"ရှောင်း ဘာလုပ်ချင်လို့လဲ"

"ဟို...လမ်းလျှောက်ထွက်ရအောင်လားလို့"

"ကောင်းပါပြီ ရှောင်း ကိုယ်လိုက်ခဲ့မယ်"

ကမ်းခြေရဲ့ဒီအနီးအနား‌တဝိုက်ကိုပဲရောက်ဖူးသေးတာကြောင့် ဒီတစ်ခါ ဟိုးဘက်အဝေးကြီးထိဆက်လျှောက်ချင်သည်။ ဒီနေ့ညပြန်ကြမှာလေ။ အဲ့တာကြောင့် အဆုံးထိလျှောက်ချင်တယ်။

AGAIN [Completed]Where stories live. Discover now