နောက်ရက်ကျတော့ ရှောင်းမိန်းနဲ့သူ့ကောင်လေးက မားမားတို့စီသွားပြီးခွင့်တောင်းသည်။ မားတို့ကလည်းအစကသဘောမတူသလိုပုံနဲ့ ရှောင်းမိန်းကို ကြိမ်းနေပြီးမှသဘောတူတယ်ဆိုပြီးပြောလာတယ်။ မဂ်လာပွဲကလည်း နောက်အပါတ်ထဲမှာဖြစ်သွားတယ်။ အကြီးအရင်မဆောင်ပဲ အငယ်အရင်ဆောင်လိုက်တာပေါ့။ ပြောရမယ်ဆိုရင်တော့ နောက်ကားကျော်တတ်သွားသည်ပေါ့။
မဂ်လာပွဲမတိုင်ခင် သူလည်းအလုပ်တွေကိုအပြီးသတ်ထားရသည်။ ၀မ်ကလည်း သူ့လိုပင် အလုပ်တွေနဲ့ ဒါပေမယ့် သူတို့နှစ်ယောက်အရင်တုန်းကလိုမျိုး အလုပ်တွေများပြီး အချိန်မပေးတာမျိုးမလုပ်ပဲ အားသည့်အချိန်အနည်းငယ်လေးအတွင်းမှာတောင် Video call ဒါမှမဟုတ် ရိုးရိုးဖုန်းဖြင့်ပြောကြတယ်။ တီတီတာတာလေးတွေလည်းပြောတတ်ကြသလို တစ်နေ့တာလုပ်ဆောင်ပုံတွေကို အသိပေးတတ်ကြတယ်။ အရင်ကအတိတ်တွေကပြန်မသွားချင်တော့လောက်အောင် အချစ်တွေကနွေးထွေးနေခဲ့ပါတယ်။
ရှောင်းမိန်းကတော့ မဂ်လာပွဲနားနီးတော့ ဖိတ်စာနဲ့လိုက်ဖိတ်ရတာတွေ ၀တ်စုံသွားရွေးတာတွေ အခမ်းအနားအပြင်အဆင်ကအစ ဟောင်ဝေ နဲ့အတူ သွားလိုက်လာလိုက်ပင်။ ဟောင်ဝေက ရှောင်းမိန်းတစ်ခွန်းဆိုတခွန်းပင် ဘာမှမပြောပဲ အလိုလိုက်ပြီးသည်းခံသည်။ ရှောင်းမိန်းအတွက်သူ စိတ်ချသွားပါပြီ။ သူ့ညီမလေးကို မြတ်မြတ်နိုးနိုး ချစ်မယ့်သူပေါ်လာတာပဲ။
ရိပေါ်၏ ကွန်ဒိုတိုက်ခန်းတွင်ဖြစ်သည်။ ရှောင်းကတစ်ခါတလေ လာလည်တတ်သည်။ ညဘက်ကျရင်တော့ ကိုယ့်အိမ်ကိုပြန်လေသည်။
"ရှောင်းရေ ရှောင်းမိန်တို့မဂ်လာပွဲပြီးရင် ကိုယ်တို့လည်းအပျော်ခရီးတစ်ခုထွက်ရအောင်"
"မဂ်လာပွဲတောင်မလာသေးဘူးလေ ၀မ်"
"ကြိုပြောထားတာပါ"
"ဘယ်ကိုသွားမယ်လို့စိတ်ကူးထားလဲ"
"Spainသွားမယ် ရှောင်းအတွက်လက်ဆောင်လည်းရှိတယ်"
"ဒါဆို ကျွန်တော်က အလိုက်တသိမမေးတော့ပါဘူးဗျ"
"ရှောင်းကချစ်ဖို့ကောင်းလိုက်တာကွာ"
YOU ARE READING
AGAIN [Completed]
Fanfiction"ကိုယ်တို့ဘာလို့လမ်းခွဲခဲ့တာလဲ" Fic cover from Pinterest All include photo on Pinterest Words are my own creation..