Part-21

4.2K 384 44
                                    

နောက်နေ့ သူတို့နှစ်ယောက် မိုးရွာထဲမှာ သည်းကြီးမည်းကြီးနမ်းခဲ့တာကြောင့် နှစ်ယောက်လုံးဖျားတော့တယ်။ မနေ့က ၀မ်က သူ့ကိုအိမ်လိုက်ပို့သွားသည်။ မိုးရွာထဲမှာနမ်းရုံတင်မက ကားပါမှာသာ အနမ်းတွေက ဂဟေဆက်ခဲ့တာကြောင့် ကားပေါ်မှာheaterဖွင့်ပြီး အအေးကျ‌သွားအောင်လုပ်ရသည်။

နေရောင်ခြည်ကပြတင်းပေါက်ကတဆင့် မျက်နှာကိုလာထိုးတာကြောင့် မျက်လုံးများကလည်းထနေကြအချိန်ဆိုတော့ ဆက်အိပ်လို့လည်းမရတော့။ ကိုယ်ပူနေသလိုရှိတာကြောင့် ဆေးတစ်လုံးသောက်လိုက်ကာ အောက်ထပ်ဆင်းလာတော့ မားကမနက်စာပြင်နေသည်။ လှေကားတ၀က်ကနေ အခန်းထဲပြန်ပြေးတတ်ကာ ၀မ့်ကိုဖုန်းဆက်ရသည်။ ၀မ်လည်းဖျားနေလောက်မယ်ထင်တယ်။

"ဟယ်လို"

"ဟယ်လို ၀မ် ဟို...ဖျားနေလား"

"ဖျားနေတယ် ရှောင်းရော ဖျားနေတယ်မလား ဆေးသောက်နော် မနက်စာလေးစားပြီးသွားသောက်လိုက်"

"နေပါဦး ၀မ် ဖြည်းဖြည်းပြောပါ ငါနားထောင်နေပါတယ် ခုမင်းကိုစိတ်ပူလို့ငါကဆက်တာလေ မင်းကပြန်စိတ်ပူပေးနေသလိုပဲ"

"ကိုယ်ခုနကဖုန်းဆက်မလို့ပဲ ရှောင်းဖျားရင်လည်းအိပ်လို့ရအောင်"

"ငါကခုနကမှ နိုးတာ ၀မ်"

"ဖေကြီးရေ သားငယ်ရေ လာပါဦးးး"
ဖုန်းပြောနေစဉ် ရှောင်းမိန်းရဲ့အခန်းမှ မားမားရဲ့အသံနက်ကြီးထွက်လာတာကြောင့် ဖုန်းကိုတောင်မချနိုင်ပဲ အမြန်ထွက်လာ‌တော့ မားက ‌ဒေါသထွက်နေသည်။ မျက်ရည်ကလည်းချနေသည်လားမပြောတတ် ဆွဲသုတ်ထားပုံရသည်။ ပါးပါးကပါ ‌မားအော်သံကြောင့် အောက်ထပ်ကနေအပေါ်ထပ်ရောက်လာသည်။

"မား ဘာဖြစ်တာလဲ"

"ဒီမှာကြည့်လိုက်" ဆိုပြီး စာရွက်တစ်ရွက်ပေးလာတာကြောင့် ကြည့်လိုက်တော့ 'ပါးတို့မားတို့ သမီးယောကျာ်းနောက် လိုက်သွားပါပြီ ခွင့်လွှတ်ပါ' ဆိုပြီး လက်ရေးလှလှတွေဖြင့်ရေးထားသည်။

"ရှောင်းမိန်းကဘာအချိုးချိုးတာလဲ" ပါးက ဒေါသသံစွတ်ကာပြောသည်။

AGAIN [Completed]Où les histoires vivent. Découvrez maintenant