"တွေ့ရတာ ၀မ်းသာပါတယ်"
၀မ်ရိပေါ်ရဲ့သူငယ်ချင်းတွေကိုနှုတ်ဆက်လိုက်တော့ အားလုံးကခေါင်းညိတ်ပြသည်။ ခဏနေတော့ ဆရာမ၀င်လာတော့ ကိုယ့်နေရာကိုယ်ပြန်ထိုင်ပြီးငြိမ်သွားကြသည်။ သူတို့ကိုသေချာကြည့်လိုက်တော့ စာလုပ်နေတာမဟုတ်ပေ။ အရုပ်ခေါက်နေတဲ့လူကခေါက် ခုံပေါ်မှောက်အိပ်နေတဲ့လူကိုအိပ် ပြတင်းပေါက်ကိုငေးနေတဲ့လူကငေးနဲ့ တစ်ယောက်မှစာကိုစိတ်၀င်စားကြ။
ရှောင်းကျန့်ကတော့ ကျောင်းသားသစ်ဖြစ်တာကြောင့် စာကိုသေချာလိုက်လုပ်ရသည် နိုင်ငံခြားမှာပဲနေလာတာကြောင့် တရုတ်နဲ့အသားကျအောင်လုပ်ရဦးမည် သူကအစထဲကတရုတ်လူမျိုးပင် ပါးနဲ့မားနှစ်ယောက်လုံးကတရုတ်တွေ Companyကိုတိုးချဲ့ဖို့သူမမွေးခင်တည်းကနိုင်ငံခြားမှာပင်နေတာဖြစ်သည်။ ခုမှသူတို့ တရုတ်မှာအပြီး အခြေချတာ
နေ့လည်စားစားချိန်ရောက်တော့ ကန်တင်းသို့သွားရန်ခေါ်သည် ကိုယ်ကြိုက်တာမှာစားလို့ရသလို ကျောင်းကကျွေးတာလည်းစားလို့ရသည်
သူတို့ငါးယောက်လုံးကန်တင်းကစားပွဲတစ်လုံးမှာထိုင်ပြီး စားတယ် ဟောက်ရွှမ်းက သူ့ကောင်မလေးနဲ့chattingထိုင်နေတာဖြစ်သည်။ ကျိရန်ကလည်းသူ့ဘာသူအေးဆေးစားနေသည်။ ခဏနေတော့ သူ့ရှေ့ကိုအအေးတဗူးလာချပေးသည်။
ထိုသူက ဟွိုက်ခမ်းပင် ရိပေါ်ကတော့ နောက်ကနေ လျှောက်လာပြီး သူ့ကိုမဆိုသလောက်လေးကြည့်ကာ သူ့နေရာသူထိုင်ပြီး ထမင်းကိုငုံ့စားလေသည်။
"ကျေးဇူးပါ ဟွိုက်ခမ်း"
"ရပါတယ် မလိုပါဘူး ရှောင်းကျန့်"
"ထမင်းစားနေရင်း စကားအများကြီးမပြောရဘူး"
ဝမ်ရိပေါ်ပြောလိုက်သောစကားကြောင့် သူ့ကိုမော့ကြည့်လိုက်တော့ စိုက်ကြည့်နေသေညမျက်၀န်းတွေနဲ့ဆုံသည်။ အကြည့်ချင်းဆုံပြီး နှလုံးခုန်မြန်လာကြောင့် ရုတ်တရတ်မတ်တပ်ထရပ်လိုက်တော့ အကုန်လုံးကမော့ကြည့်သည်။ သူလည်းသူ့ကိုသူ ဘာဖြစ်သွားမှန်းမသိဘူး။
"ငါ....ငါ၀ပြီ သွားတော့မယ်"
"နေဦးလေ ရှောင်းကျန့် ဘာမှလည်းမစားရသေးပဲနဲ့"
YOU ARE READING
AGAIN [Completed]
Fanfiction"ကိုယ်တို့ဘာလို့လမ်းခွဲခဲ့တာလဲ" Fic cover from Pinterest All include photo on Pinterest Words are my own creation..