ခရီးကနေပြန်ရောက်တဲ့အချိန် မနက်ဝေလီဝေလင်းအချိန်ဘက် တစ်ညလုံးအိပ်လာကြ၍ ခြောက်ယောက်လုံးကတစ်လမ်းလုံးအိပ်လာသောကြောင့် အိပ်ရေးက၀နေပြီ။
ပါးပါးတို့ ဟိုတယ်အကြောင်းတွေရယ် တိုးချဲ့မည့် လုပ်ငန်းတွေအကြောင်းရယ်ကိုပါ ကားပေါ်မှာပြောနေကြတာပင်ဖြစ်သည်။ ဟိုလူအကြံပေးလိုက် ဒီလူကစဉ်းစားလိုက်နဲ့ စကားဝိုင်းလေးက စကားဖြတ်ပြောခြင်းမရှိပဲ တစ်ယောက်စကားပြောတာကိုသေချာနားထောင်ရင်း အလှည့်ကျစကားပြောတာကြောင့် အငြင်းပွားစရာမရှိပေ။အလုပ်ကပြန်ရောက်တာနဲ့ အိပ်ရာပေါ်ခဏလှဲချကာ ဇာတ်ညွှန်းစာအုပ်တွေကိုကောက်ကိုင်ရသည်။ မင်းသားတွေဖြစ်သည့်အလျှောက် သူတို့နှစ်ယောက်ကအလုပ်များလှပါသည်။ ကျန်သံုးယောက်ကလည်း မနက်9နာရီလောက်ကျရင် ရုံးသွားရန်ပြင်ဆင်ရတော့မည်။ ယွီဘင်းကတော့ အတွင်းရေးမှူးဖြစ်တဲ့အလျှောက် လုပ်စရာဖတ်စရာများကိုပို့ပေးလေသည်။
သုံးရက်လောက်ပဲအနားယူခဲ့ပေလို့ လုပ်လိုက်ရတာ ညတွေပါ အိပ်ပါမအိပ်ရဘူး။
ဒါတွေကနေသားကျနေတော့ သူ့အတွက်အဆင်ပြေပါသည်။ နောက်တပါတ်ကျရင် ဂိမ်းအစီအစဉ်ရှိတယ်။ သူဟိုနေ့ကမှသိလိုက်ရတာ အဲ့အစီအစဉ်မှာ ၀မ် ပါပါတယ်တဲ့။လွန်ခဲ့တဲ့တစ်လလောက်တည်းက လက်ခံထားခဲ့တာတဲ့။ ၀မ် ကဘာလို့သူ့ကိုကြိုမပြောတာလဲ။ သူပါမယ်ဆိုတာသိရက်နဲ့။Keep running အစီအစဉ်မှာ သူတို့ကိုဖိတ်ထားတာကြောင့် ဂိမ်းသွားဆော့ရမည်ဖြစ်သည်။ indoorရိုက်ကွင်းနည်းပြီး outdoorသာများဝာာကြောင့် ဒီနေ့ သူတို့က မြို့စွန်ဘက်နားက မြေကွက်တွေနားမှာရိုက်ရမည်ပင်။
ရိုက်ကူးရေးဆီရောက်တော့ ပင်တိုင်စံ စီနီယာတွေက သူ့ကိုဖော်ဖော်ရွေရွေဆက်ဆံသည်။ သူ့အပြင်တခြားဖိတ်ထားတဲ့လူတွေပါရှိသည်။ မင်းသမီးတွေကတော့ တခြားရင်းနှီးတဲ့ အမကြီးတွေနဲ့စကားပြောနေကြသည်။
ခဏနေတော့ ၀မ် ရောက်လာသည်။ အစီအစဉ်ကအရောင်တွေနဲ့အကျီတွေပါပေးတာကြောင့် သူက အဝါလေး၀တ်ထားရသည်။ ၀မ်ကအစိမ်းလေးပင် အဖွဲ့မတူဘူးဆိုတာ သိလိုက်ရတော့ တမျိုးတမည် အမည်မတပ်နိုင်တဲ့ခံစားချက်တွေခံစားလိုက်ရသည်။ ၀မ်နဲ့အရောင်တူ အကျီကိုလိုက်ရှာတော့ မင်းသားတစ်ယောက်နဲ့ သူကတော့ အနုပညာလောကထဲ၀င်တုန်းက ခင်ခဲ့တဲ့ သူငယ်ချင်းကျိုးချန်နဲ့တစ်ဖွဲ့တည်း။
YOU ARE READING
AGAIN [Completed]
Fanfiction"ကိုယ်တို့ဘာလို့လမ်းခွဲခဲ့တာလဲ" Fic cover from Pinterest All include photo on Pinterest Words are my own creation..