Part-1

1K 55 1
                                    

Zawgyi

"တွေ့ရတာ ဝမ်းသာပါတယ် ကိုယ်က ကျန်းကျယ်ဟန့်ပါ"
....................
အင်္ဂလိပ်လို တလှည့် ပြင်သစ်လိုတလှည့် လေ့ကျင့်နေတဲ့
သူ့ပုံစံက အင်တာဗျူးဖြေမယ့် လူတယောက်နှင့် တူနေသည်။
ကိုယ့်ကိုယ်ကို မိတ်ဆက်နေတယ်ဆိုပြီး တကယ် အင်တာဗျူး ဖြေမည် မထင်ပါနှင့်။
မိတ်ဆက်ဖို့ လေ့ကျင့်နေတာပါ။ တညလုံး လေ့ကျင့်တာ အားမရလို့ ခုလဲ ရေချိုးရင်း သီချင်းညည်းရမယ့် အစား ကလေးစာရွတ်သလို ရွတ်နေတော့တာ။
အကြောင်းက တခြားမဟုတ်။ ဒီနေ့ရုံးကို ဝန်ထမ်းအသစ်ရောက်မည် ဆိုသောကြောင့်ပင်။
ဝန်ထမ်း အသစ်ရောက်တာ အဆန်းမဟုတ်ပေမယ့်
နိုင်ငံခြားသား တစ်ယောက်ဆိုတာကတော့ ဆန်းသွားပြီလေ..
တကယ်ဆို ကျန်းကျယ်ဟန့်တို့က ဒီလိုမျိုးတွေ စိတ်ကို မဝင်စားတာ။
သူ့ဘာသာ တယောက်မကလို့ ဆယ်ယောက် ဖြစ်ဖြစ် ကိုယ့်အလုပ်ကိုယ် လုပ်ရမှာပဲ။
ခုက သူငယ်ချင်း အကောင်းစားကြီး ဟွမ်ယူမင်ရဲ့ တချက်လွှတ်အမိန့်ကြောင့်။
ဘာတဲ့.... အဲ့ဝန်ထမ်းက နိုင်ငံခြားသားမို့ တာဝန်ယူ ကူညီရမယ်တဲ့
အံ့ဩပါ့ .. လို့ပဲ ပြောပြီး လုပ်ပေးရမှာပဲ။
မလုပ်လို့ မရဘူး။ ချစ်ကြောက်ရိုသေရတဲ့ သူငယ်ဂျင်း အကောင်းစားကြီး မဟုတ်လား။.....
ပြောရရင် သူငယ်ချင်းသာ ပြောတာ ကိုယ့်အထက်လူကြီးကလဲ ဖြစ်နေပြန်သေးတယ်။ ကြောက်တာမျိုးမဟုတ်ပေမယ့် အလုပ်သဘောအရတော့ လေးစားသမှု ရှိရဦးမည်ပင်။
ပြီးတော့ အခု ကြုံရတာက နိုင်ငံခြားသားဆိုတော့ ဘာသာစကားက ပြဿနာဖြစ်နေသည်။ ဒီတော့ နိုင်ငံခြားဘာသာစကားကို ကျွမ်းကျင်တဲ့ Negotiator တယောက်တဖြစ်လဲ ကျန်းကျယ်ဟန့် ကသာလျှင် အသင့်တော်ဆုံးပင် ဖြစ်ပေမည်။
~~~~~~~~~~~~~~~~~~~

"ရှောင်ဟန့်ဟန့်!!!"
"ဗျာ့"
ကြားရပါပြီ မနက်ခင်းရဲ့ ဆည်းလည်းတဖြစ်လဲ မွေးမိခင်ရဲ့ ခပ်ဆတ်ဆတ် အော်သံ။
"ဗျာ မနေနဲ့။ ဘယ်အချိန်ရှိပြီလဲ။ ဒီနေ့ ရေချိုးလို့ပြီးမှာလား"
"အာ ပြီးပြီ ပြီးပြီ"
"အမြန်လုပ်။ မနက်စာ ရနေပြီ"
"ဟုတ် မား"
ပြောရင်း ဆိုရင်း တဘက်တထည်ကို ခပ်မြန်မြန်ဆွဲယူကာ ရေချိုးခန်းထဲက ထွက်လာရသည်။ အဲ့ဒါ ဘယ်သူမှန်း မသိရသေးတဲ့ ဟို သကောင့်သား ဝန်ထမ်းအသစ်ကြောင့်။

ငဲ့စရာများထဲမှာ (ZG/UN)Where stories live. Discover now