Part-31

175 39 15
                                    

Zawgyi//

ကုန်းကျွင့် ပြင်သစ်ကို ပြန်လာတာ 2 လပင် ကျော်ပြီ။
2 လအတွင်းမှာ ကိစ္စတွေလဲ အများကြီး ဖြစ်ပျက်သွားခဲ့သည်။အစကတော့ သူနှင့် May စီစဉ်ထားသလို စေ့စပ်ပွဲလုပ်သည်။ ပြီးမှ May ဘက်က စေ့စပ်ပွဲဖျက်သည်ဟု သတင်းလွှင့်လိုက်သည်။

ကုန်းကျွင့်မှန်းထားသလိုပါပင်။ စီးပွားရေးနှင့် ပတ်သက်ရင် သိပ်လည်သည့် ဒယ်ဒီက ကုန်းကျွင့်တို့ ကြံစည်သမျှ ခပ်မြန်မြန်ပင် ရိပ်မိခဲ့သည်။

သားအဖနှစ်ယောက် နေ့စဉ်နှင့်အမျှ ပြဿနာတက်ခဲ့ပြီး နောက်ဆုံးမှာတော့ သိပ်ကို ခေါင်းမာလှသည့် ကုန်းကျွင့်ကို ဒယ်ဒီက တထစ်လျှော့ပေးခဲ့သည်။
လက်ထက်ပွဲဖျက်ချင်ရင် Design company ကို လက်လွှတ်၊ Gong လုပ်ငန်းစုကို ဆက်ခံတဲ့။

အဖေကိုတောင် သံယောဇဉ်ဖြတ်ဖို့အထိ တွေးခဲ့တဲ့ကောင်အတွက် ဒီ design company ကို လက်လွှတ်ရတာ ဘာအရေးလဲ။
ပျော်ပျော်ကြီးပင် လက်ခံကာ Gong လုပ်ငန်းစုကို လက်လွှဲယူဖို့ အသည်းအသန် ပြင်ဆင်ရသည်။

ပြီးတော့ ဒီ 2 လအတွင်းမှာ ကျန်းလောင်ရှီးဆီ သူလုံးဝ မဆက်သွယ်ဖြစ်ပေ။
သူ့ကြောင့် ကျန်းလောင်ရှီး စိတ်အနှောင့်အယှက် ဖြစ်သွားမှာကို မလိုလားသလို သူကိုယ်တိုင်လဲ အသံကြားရင် စိတ်မထိန်းနိုင်မှာ စိုးတာကြောင့်ပင်။

ကျန်းလောင်ရှီးကို လွမ်းတိုင်း စားပွဲပေါ်မှာ တင်ထားတဲ့ ပုံလေးတွေကို ကြည့်လိုက်၊ ဖုန်းထဲက video လေးတွေ ကြည့်လိုက်နှင့်ပင် အလွမ်းပြေရသည်။

*စိတ်ချလိုက် ချစ်ရသူရေ...။ ဒီတခါပြီးရင် ကျွန်တော်တို့ ဘယ်တော့မှ ထပ်မခွဲတော့ဘူး။*
~~~~•••••~~~~

ဒီနေ့တော့ သူနေရတာ အတော်ထူးဆန်းနေသည်။ မနက်ကတည်းက ဘာကို အလိုမကျနေမှန်းမသိ။ စိတ်ထဲမှာ မွန်းကြပ်နေသလို ခံစားရသည်။ တချိန်လုံးလဲ ကျန်းလောင်ရှီးအကြောင်းတွေပဲ တွေးမိနေပြန်သည်။

အခုလဲ နောက်သုံးရက်မှာ လုပ်မယ့် အစည်းအဝေးအတွက် May နှင့် တိုင်ပင်ပြင်ဆင်နေသည်မှာ တနေကုန်လုပြီ။
ခုထိ အဆင်မပြေနိုင်သေး။

"Simon နင့်ကြည့်ရတာ ပင်ပန်းနေသလိုပဲ ခနနားလိုက်ပါလား"

"အင်း ငါ ဒီနေ့ ဘာဖြစ်နေမှန်းမသိဘူး အာရုံစိုက်လို့မရဘူး"

ငဲ့စရာများထဲမှာ (ZG/UN)Where stories live. Discover now