Part-15

204 41 20
                                    

Zawgyi//

ကျန်းကျယ်ဟန့်တယောက် သူ့အရှေ့က အတွဲကို ကြည့်ပြီး
သူ ဂျင်းထည့်မိတာလား။ အောင်သွယ်လုပ်မိတာလား ဟု ဝေခွဲမရ ဖြစ်နေသည်။

ဖန့်ကျင်ဝေဆိုသော ကလေးစုတ်က လက်ရော ခြေရော အပူလောင်ထားတာကြောင့် ရှောင်မင်က ခွံ့ကျွေးနေသတဲ့။
ရှောင်ကျယ်များ ခွံ့ကျွေးခိုင်းရင် စိတ်မရှည်တတ်တဲ့လူက ခုတော့ "bby ဒါလေးစား၊ bby ဒါလေးမြည်းကြည့်" နဲ့ မျက်နှာကြီး ပြုံးဖြီးလို့....။

ဟိုကလေးကလဲ သိပ်မအရှာဘူး။ ရှောင်မင်အပေါ် တက်မထိုင်ရုံတမယ် ပူးကပ်နေပြီး နှုတ်ခမ်းတထော်ထော်နဲ့ ဟိုဟာစားမယ် ဒီဟာစားမယ် ကပ်ချွဲနေတာ။
လက်အပူမလောင်ဘဲ အဲ့နှုတ်ခမ်းအပူလောင်ရမှာ။

"ကျန်းလောင်ရှီး ဒါလေးစားကြည့် ကျွန်တော်ကိုယ်တိုင်ချက်ထားတာ"

ကိုယ့်အတွေးနဲ့ကိုယ် ရှေ့ကအတွဲကို အမြင်ကပ်နေရာမှ ကုန်းကျွင့်အသံကြောင့် အတွေးတို့ ပြတ်သွားသည်။
ကုန်းကျွင့်က ပုဇွန်လုံးတကောင်ကို အခွံခွာပြီး ခွံ့နေတာကြောင့် ဘာမှမပြောဘဲ စားလိုက်သည်။

"စား ကောင်းလား"
"အင်း"

လက်မလေးထောင်ရင်း ပြောလိုက်တဲ့ ကျန်းလောင်ရှီးပုံကို အူယားကာ ဖောင်းနေသည့် ပါးတဖက်အား ယူဆွဲညစ်လိုက်တော့ ဟိုက ပလုပ်ပလောင်းနဲ့ ထအော်လေပြီ။

"ဘာလုပ်တာတုန်း"
"အူယားလို့လေ"
"သေလိုက်ပါလား"
"မသေပါဘူး ရော့ ဒါလေးရော စား"

ကုန်းကျွင့် ပြောလဲပြောကာ ကြက်သားတဖက်ကို နွှာပြီး ထပ်ခွံ့လိုက်သည်။ ကုန်းကျွင့်ကျွေးသမျှ မငြင်းဘဲ ပလုပ်ပလောင်းစားနေသည်ကိုက ဖက်နမ်းပစ်ချင်စရာ။
ပါးစပ်မှာ ဆီတွေ ပေနေတာမြင်လို့ သုတ်ပေးတော့ မရုန်းဘဲ ရှေ့ပင်တိုးပေးလိုက်သေးသည်။

*အား....။ ဒီလူသားသေးသေးက သူ့ကို အဆုံးထိ အရည်ဖျော်ဖို့များ စဉ်းစားထားတာများလား။*

ကုန်းကျွင့်ကတော့ ဘာမှသိပ်မစားဖြစ်။ အစားကို ပလုပ်ပလောင်း စားနေသော ကျန်းလောင်ရှီးကိုသာ တစိမ့်စိမ့် ထိုင်ကြည့်နေရင်းကို ဗိုက်ကပြည့်နေပေပြီ။

ငဲ့စရာများထဲမှာ (ZG/UN)Where stories live. Discover now