Zawgyi//
"မလုပ်ပါနဲ့!!!"
ကုန်းကျွင့်ရဲ့ အော်သံအဆုံးမှာ အကုန်လုံးရဲ့ တအံ့တဩအကြည့်တွေက သူ့ဆီမှာ။
လျှိုချန်းချောင်နှင့် သူနာပြုအကူများကလဲ စက်တွေ သိမ်းရာကနေ နှမြောစွာပင် လှည့်ကြည့်ကြရှာသည်။ကုန်းကျွင့် နေရာမှာပင် ခဏရပ်ကာ လျှိုချန်းချောင်ကို ကြောင်ကြည့်နေမိသည်။ သူ 15 မိနစ်လေးပဲ နောက်ကျတာလေ။ ဘာလို့ သူ့ကို 15 မိနစ်လေးတောင် မစောင့်ပေးတာလဲ။
"ဟင် ကုန်းကျွင့်!!!"
"မင်း... မင်း.. ဘယ်လိုလုပ်ပြီး!!"
"ကုန်းကျွင့်.... မင်း. သွေးတွေ"
"ကျွန်တော် ဘာမှမဖြစ်ဘူး"
"ချန်းချောင်ကျဲ... မဟုတ်ဘူးမလား။ ကျွန်တော် နောက်မကျသေးဘူးမလား ဟင်??"
သွေးသံတရွှဲရွှဲဖြစ်နေသော ကုန်းကျွင့်ကို လျှိုချန်းချောင်က ဘာမှ မပြောဘဲ မျက်နှာပျက်စွာပင် ဖြုတ်ထားတဲ့ အောက်ဆီဂျင်ပိုက်တွေကို သိမ်းပြီး ထွက်သွားလေသည်။
ကျန်းမားကတော့ သူ့ကို မျက်ထောင့်နီကြီးနှင့် စိုက်ကြည့်နေသည်။
အင်းပေါ့....သူက သူများရဲ့ အဖိုးတန်သားလေးကို ဒီလိုအခြေအနေထိဖြစ်စေခဲ့တာမလား။သို့သော် သူ အားလုံးရဲ့ အကြည့်တွေကို လစ်လျူရှုပြီး ကျန်းလောင်ရှီးရဲ့ ခုတင်ဘေးဆီသို့ တလှမ်းချင်းစီ လှမ်းသွားမိသည်။
နောက်ကျသွားပြီဟူသော အသိက လူကို ပူထူစေကာ မျက်ရည်တို့က နဖူးက စီးကျနေသော သွေးတို့နှင့် ရောယှက်သွားလေသည်။
ခုတင်ပေါ်မှာ လဲလျောင်းနေတာက သူရဲ့ ရင်နှစ်သည်းချာလေး။ အသည်းနင့်အောင် ချစ်ရပါသော လူသားလေး။
မတွေ့ရတဲ့ နှစ်လအတွင်းမှာ သူ အမြတ်တနိုး ဆွဲလိမ်နေကျ ပါးမို့မို့လေးဟာ ချောင်ကျသွားပြီး ပါးရိုးလေးများပင် ပေါ်နေပြီ။
သူ အစွဲတလမ်း နမ်းရှိုက်ဖူးတဲ့ နှုတ်ခမ်းပါးတို့ဟာ အရင်လို ပန်းရောင်သမ်းမနေတော့ဘဲ ဖြူဖျော့ကာ ခြောက်သွေ့အက်ကွဲနေပြီ။သူ တုန်ယင်နေတဲ့ လက်တို့နှင့်ပင် ထိုလူသားလေးရဲ့ မျက်နှာလေးကို ကိုင်ကာ နှုတ်ခမ်းဆီကို အနမ်းတပွင့်ခြွေလိုက်သည်။ အသက်ရှူသံမျှင်းမျှင်းလေးကို ခံစားမိပေမယ့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတို့က အရင်လိုတော့ ချိုမြိန်မနေခဲ့ပေ။
YOU ARE READING
ငဲ့စရာများထဲမှာ (ZG/UN)
Fanfictionတကယ်ဆို ကိုယ်နဲ့မင်းက မှားယွင်းစွာ တွေ့ဆုံခဲ့ကြတဲ့လူတွေ ကျန်းကျယ်ဟန့် ဘယ်သူမှားလဲ ဘယ်သူမှန်လဲ အမှားနဲ့ အမှန် လွန်ဆွဲကြတဲ့ ပွဲမှာ နောက်ဆုံး ချစ်တဲ့သူက အရှုံးပေးရတာပါပဲ ကုန်းကျွင့် တကယ်ဆို ကိုယ်နဲ...