Part-3

321 57 0
                                    

Zawgyi

ကျန်းကျယ်ဟန့် ဘေးကကောင်လေးဆီ တစ်ချက်ကြည့်မိတော့ သူ့ကို ကြည့်နေတာ တွေ့ရသည်။ ဘာမှ မပြောဘဲ ကိုယ့်နေရာကိုယ် ဝင်ထိုင်တော့ မျက်ဝန်းတစ်စုံ ကပ်ပါလာသည်ကိုလဲ သတိထားမိသည်။ ဒီကောင်လေး တခုခုလိုနေတာများလား။

"ဟို ဒီက ညီလေး...."

ကျန်းကျယ်ဟန့် မျက်မှောင်ကျုံ့သွားရသည်။ ဘေးဘီလှည့်ကြည့်တော့ သူကလွဲရင် ဘယ်သူမှ မရှိ။

"ငါ့ကို ခေါ်တာလား"
"အင်းလေ ဟို မေးစရာရှိလို့"

ရန်တွေ့မဟဲ့ဆိုပြီး အားရပါးရ လှည့်လိုက်ကာမှ ပါးစပ်အဟောင်းသား ဖြစ်သွားရပြန်သည်။
သူ့လေးပေပတ်လည် အလုပ်စားပွဲပေါ်မှာရော အကန့်နံရံတွေမှာပါ ရှောင်မင် (ဝေ့ကျယ့်မင်) ပုံတွေ နည်းတာ မဟုတ်။
ဝေ့ကျယ်မင် (WOH ထဲက အရှင်ခုနှစ်ကို ပြောတာပါ) ဆိုတာ ကျယ်ဟန့်တို့ Flying time မဂ္ဂဇင်းတိုက်ရဲ့ ပင်တိုင်မော်ဒယ်တစ်ယောက်။ မူပိုင်ငှားထားတဲ့ ကျယ်ဟန့်တို့ ရုံးမှာတောင် သူ့ပုံတွေ အဲ့လောက်များမည် မထင်ပါ။ ဓာတ်ပုံ သေးသေးလေးတွေဆိုတာ စားပွဲအပြည့်။ ဒါတင်ပဲလား ဆိုတော့ ကွန်ပြူတာမှာပါ wallpaper တင်ထားသေးတာ။

" အဲ... ဒါတွေက?? "
"ကျွန်တော်ဒီရောက်လာတဲ့ အကြောင်းပြချက်က သူ့ကြောင့်လေ"
"အော်"

ကျယ်ဟန့် ဘာမှ ဆက်မမေးမိပါ။ ရှောင်မင်က လူကြိုက်တော်တော်များတာ သိသည်။ ယောက်ျားလေးဖန်တွေ များတာလဲ သိသည်။ သို့သော် ဒီလို crazy ဖြစ်လွန်းသည့် ယောက်ျားလေးဖန် ရှိမယ်မထင်တာ အမှန်ပင်။

"အဟမ်း မင်းအခုနက ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ"
"အဲ ဟို ညီ ညီလေး ကျန်းလေ"
"နေစမ်းပါဦး မင်းအသက်က ဘယ်လောက်မို့လို့လဲ"
"ဒီလ 26 နှစ်ပြည့်မှာ"

ဒီဖေ..... နိုင်ငံခြားသားကတော့ စိတ်ရှိလက်ရှိ လုပ်လိုက်ရ သေဦးမယ်။ နားရင်းရိုက်တာ ဘာညာပြောပါတယ်။ သူ့ကိုယ်သူ လူကြီးဆိုဒ် ဖမ်းနေသေးတာကိုက
သောက်မြင်ကပ်စရာ ဘီးတပ်ကောင်းတဲ့ အကောင်။

"အခေါ်အဝေါ်တွေ ပြင်လိုက်ပါ ဒီက ညီလေး။  ကိုယ်က မင်းထက် 2 နှစ်လောက်ကြီးတယ်"
"ဗျာ"
"ဗျာ မနေနဲ့ မင်းငါ့ကိုခေါ်တာ ဘာမေးမလို့လဲ"
"ဪ ရွေ့ယွင်ကျဲ လုပ်ထားတဲ့ grapghic file လေး လိုချင်လို့ ညီလေးကျန်း အဲအဲ ကျန်းတကော"

ငဲ့စရာများထဲမှာ (ZG/UN)Where stories live. Discover now