Part-4

306 46 7
                                    

Zawgyi

"သူ စိတ်ဆိုးသွားတာတော့ မဟုတ်ဘူးမလား"

အယ်ဒီတာ ရုံးခန်းထဲ ဝင်သွားသော ကျန်းကျယ်ဟန့် ကျောပြင်ကို ငေးရင်း ကုန်းကျွင့် ဘေးက မာဝမ်ယွမ်ကို လက်တို့ မေးရသည်။

"မဟုတ်ပါဘူး ကုန်းကျွင့်ကောရဲ့ "
"တော်သေးတာပေါ့"
"ဒါပေမယ့် သူပြောတာကတော့ နောက်တာ မဟုတ်ဘူး"
"ဟမ်?? နားမလည်ဘူး"
"သူပြောတဲ့ ငါမှာတာ ငါစားဖို့ ဆိုတာ နောက်တာ မဟုတ်ဘူးလို့"
"ဘာဖြစ်လို့လဲ"

"ဘာဖြစ်ရမှာလဲ သူက အချစ်သာ ဝေမျှပြီး အစားတော့ ဝေမစားတဲ့ သူမို့ပေါ့ ရှင်းနေတာပဲကို"
"ငင့်"

ဒိုးဒိုးဒေါက်ဒေါက် ဝင်ပြောလိုက်သော ကျိုးရဲ့ကြောင့် ကုန်းကျွင့် တယောက် တံတွေးပင် နင်သွားမိပါ၏ ။

ိ~~~~~~~~~~~~~~~~~~~~~~~~~~

"ရှောင်ဟွမ် ညနေကျ ရှောင်မင်လာကြိုမယ်တဲ့"
"ငါ ချိန်းထားတာ တခုရှိသေးတယ် မင်းအရင်လိုက်သွားနှင့်လိုက်လေ"
"လုပ်ပြန်ပြီ ညစာ စားခဲ့မှာလား"
"မစားဘူး မင်းတို့နဲ့မှ စားမယ်"
"ပြီးရော အဲ့ဒါဆို ငါသွားပြီ"
"ဘယ်သွားမလို့လဲ"
"ရဲ့ရဲ့ အကူအညီတောင်းထားတာ ရှိလို့"

အံမယ်။ စကားသံကိုက မသိရင် သူကပဲ မေတ္တာအပြည့်နဲ့ ကူညီတဲ့လေသံ။ သူ့ကိုခိုင်းဖို့ ဟိုကလေးမလေး ဘာဝယ်ကျွေးရပြန်ပြီလဲ မသိ။ ခုလဲ ကြည့်။ ရှောင်မင် စကားပါးလို့ဆိုပြီး ရောက်လာတာကနောက်။ သူ အဆာပြေ စားဖို့ ထည့်လာသည့် မုန့်တွေကို ယူစားနေတာက အရင်။

"ဟကောင် အဲ့ဒါ ငါ့မုန့်နော်"
"သိပါတယ် မင်းမုန့်မို့ စားတာပေါ့"
"မနက်က ဘာမှ မစားခဲ့တော့ မဖြစ်နိုင်ဘူးနော်"
"အဟမ်း ပေါက်စီ နှစ်လုံးထဲ စားခဲ့ရတာ"

ငင့်။ နည်းနေသေးသလား အဲ့ဒါ။ ဒီ ကျန်းကျယ်ဟန့်ဆိုတဲ့ကောင်က အစားနဲ့ ပါးစပ် မပြတ်သလောက် စားသလောက်လဲ ဝလာတယ်ဆိုတာမရှိ။
မွေးကတည်းက အူဝဲ လို့ မအော်ဘဲ အစား အစားလို့ပြီး မွေးခဲ့သလားမှတ်ရ။

"တော်ပြီ သွားတော့"
"ဇွတ်ပဲ သွားပြီ"

သွားပြီဆိုတာတောင် မုန့်တခုကို ပါးစပ်ထဲ ရအောင် ကောက်ထည့်သွားသေးတာ။ မလွယ်ဘူး အဟုတ်။
~~~~~~~~~~~~~~~~~~~~~~~~~
ကျန်းကျယ်ဟန့် အပြင်က ပြန်လာတော့ နေ့လည်စာ စားချိန်ပင် အတော်ကျော်နေပြီ။ သူ့စားပွဲပေါ်မှာ ကိတ်လေး တင်ထားတာတွေ့တော့ ပြုံးမိသည်။ ဒီကလေးမ တကယ့်ကို အသည်းပုံ ရအောင် ဝယ်ခဲ့သည်ပဲ။

ငဲ့စရာများထဲမှာ (ZG/UN)Where stories live. Discover now