Part-13

193 46 18
                                    

Zawgyi//

"ကုန်းကျွင့် ကိုယ်တို့ ဒီပန်းခြံလေးမှာ ခဏထိုင်ရအောင်"
"ချင်ချင်းက အိမ်တန်းပြန်လို့ သေချာမှာလိုက်တဲ့ဟာကို"
"သူက မင်းအမေမို့လို့လား သူ့စကားအဲ့လောက်နားထောင်နေတာ"

*တော်မယ့်တော် ဘာလို့အမေတော်နေမှာလဲ။ တခါတည်း ယောင်းမ အဲ ခယ်မ တော်လိုက်မှာပေါ့*

ကုန်းကျွင့်၏ မချိုမချဉ် မျက်နှာပေးကို ကြည့်ပြီး ကျန်းကျယ်ဟန့် မျက်ဖြူပင် ဆိုက်ချင်သွားသည်။  အခုမှတွေ့တဲ့ သူ့ညီမစကားကို မြေဝယ်မကျ နားထောင်နေလိုက်တာ။ ငါမသိရင် ခက်ဦးမယ်။

"ကားရပ်လို့ လေကောင်းလေသန့်ရှူချင်လို့ ခဏပဲ"
"ဟုတ်ပါပြီဗျာ"

ကုန်းကျွင့် ကားရပ်ပေးလိုက်သည်နှင့် ကလေးတယောက်လို မြူးထူးစွာ ပြေးဆင်းသွားသော ကျန်းလောင်ရှီး။ 
ပန်းခြံထဲမှာ ကလေးရော လူကြီးပါ ရှုပ်နေသည့် ကြားမှပင် hoodie အပြာရောင်လေး ဝတ်ထားသည့် ကြယ်တာယာလေးက လူအုပ်ထဲမှာ ပျောက်ကွယ်သွားခြင်းမရှိ။

ခဏနေတော့ ခုံတန်းလေးတခုရှေ့မှာ ခြေစုံရပ်ကာ ကုန်းကျွင့်ကို လက်ယပ်ခေါ်သည့်ပုံက တကယ့်ကို ကလေးတယောက်နှယ်။
ကုန်းကျွင့်အနားရောက်တော့ သူ့ကို အလှဆုံး ပြုံးပြနေသည့် ကျန်းလောင်ရှီးကို ကြည့်ပြီး နည်းနည်းအံ့ဩသွားသည်။

ဒီအပြုံးတွေက ပန်းသီးကျွေးတုန်းက အပြုံးတွေနဲ့ တပုံစံတည်းလေ။

"ကျွင့်ကျွင့်"
"ဟင်"
"ငါ့ကို ဟိုဟာလေး တစ်ခုလောက် ဝယ်ပေးပါလား"

ကျန်းလောင်ရှီးက မိုးပျံပူဖောင်းတွေကို လက်ညှိုးထိုးပြနေသည်။တဖက်က သူ့လက်မောင်းကို ကိုင်လို့ ကျန်တစ်ဖက်က ပူဖောင်းတွေကို ညွှန်ပြနေသည်မှာ ကလေးတယောက်က လိုချင်တာကို ပူဆာနေသည့် ပုံမျိုး။

ထင်တယ်လေ။ ကျန်းလောင်ရှီးက လိုချင်တာမရှိဘဲ အဲ့လို ပြုံးပြမနေဘူးဆိုတာ။

"ကျန်းလောင်ရှီးက ကလေးလား။ မိုးပျံပူဖောင်း လိုချင်ရအောင်"
"ဟွန့် ဘာလဲ မဝယ်ပေးဘူးလား။ မဝယ်ပေးရင်လဲ...."
"အာ ဝယ်ပေးမှာ ဝယ်ပေးမှာ ဒီမှာ ခဏလေးထိုင်စောင့်"

ငဲ့စရာများထဲမှာ (ZG/UN)Where stories live. Discover now