Zawgyi//
အခန်းငယ်လေး တခန်းထဲမှာ လူတယောက် ခေါင်းငိုက်စိုက်ကျစွာ ထိုင်နေသည်။ ပြတင်းပေါက်ဆီမှ တဖြူးဖြူးတိုက်ခတ်လာသော လေတို့က ခန်းဆီးများကို ကျော်ကာ သူ့မျက်နှာသို့ ဖြတ်တိုက်လာသည်။
မျက်ရည်တို့ စိုရွှဲနေတဲ့ မျက်နှာက အေးခနဲ ဖြစ်သွားသော်လဲ ရင်ထဲက အပူမီးကို ငြိမ်းသက်နိုင်အောင် အထိတော့ ထိုလေညှင်းက မစွမ်းသာပေ။လေတိုးသံဖျော့ဖျော့ကလွဲရင် ထိုအခန်းလေးမှာ လူတယောက်၏ သက်ပြင်းချသံတို့ကိုသာ ကြားရသည်။
နံရံပေါ်မှာ၊ စားပွဲပေါ်မှာ ရှိနေတဲ့ ပုံလေးတွေကို မြင်တော့ ဟက်ခနဲ နာနာကျည်းကျည်းရယ်ကာ မျက်ရည်တို့ ဝေ့သီလာပြန်သည်။
မျက်ရည်တို့ကို စီးမကျစေခြင်းအလို့ငှာ ခေါင်းကို မော့လိုက်တော့ မျက်နှာကျက်ပေါ်က အနုမြူကြယ်လေးတွေက အနာကို တုတ်နဲ့ စွနေသယောင်။သူနဲ့ အမှတ်တရတွေချည်းဖြစ်အောင် ပြင်ဆင်ခဲ့သမျှ အခုတော့ အသက်တခါရှူတိုင်း တခါ ရင်နာနေရပေပြီ။
ကုန်းကျွင့် ဘေးမှာ ထောင်ထားတဲ့ အရက်ပုလင်းကို ဆွဲယူလိုက်တော့ ပုလင်းချင်း ရိုက်ခတ်သံတို့က အခန်းငယ်လေးထဲမှာ မြည်ဟီးသွားလေသည်။
ပုလင်း 20 လောက်က ဟိုတလဲ ဟိုတကွဲနှင့် ပြန့်ကျဲလို့နေသေးသည်။အရက်ကို အားရပါးရ မော့ချလိုက်ရင်း သူ့ရှေ့က ငြိမ်သက်နေတဲ့ ဖုန်းလေးကို ကောက်ကိုင်ကြည့်လိုက်သည်။
ပြန်စာမရှိတဲ့ စာတွေ၊ ဖြေဆိုခြင်းမရှိတဲ့ ဖုန်းခေါ်ဆိုမှုတွေကို ကြည့်ပြီး ရင်ဘတ်ထဲမှာ တဆစ်ဆစ် နာလာရပြန်သည်။လမ်းခွဲရအောင် ဆိုတဲ့ စကားတစ်ခွန်းထဲနဲ့ သူ့ရင်ကို အစိမ်းသက်သက် ခွဲရက်တဲ့လူ။ ဒီလူသားကို သူ နာကြည်းလို့ရရင် ဘယ်လောက်ကောင်းမလဲ။ ခက်တာက စိတ်ပင်မဆိုးရက်။ စက္ကန့်နှင့်အမျှ တိုးဝင်လာတဲ့ လွမ်းဆွတ်မှုတွေကြားမှာ ပျော်ပျော်ကြီးပင် ငိုကျွေးနေမိသည်။
ကိုယ့်ကို မချစ်ချင်တော့တဲ့လူတစ်ယောက်အတွက် ကျရတဲ့မျက်ရည်တို့က အနည်းငယ် ခါးသက်နေသယောင်။ထိုကောင်လေးရဲ့ အဖြစ်ကို ကြည့်ပြီး May ကြံရာမရ ဖြစ်လာရသည်။
3 ရက်....။ ကျန်းကျယ်ဟန့် သူ့ကို ငြင်းသွားတာ ဒီနေ့နဲ့ဆို 3 ရက်ရှိပေပြီ။ အဲ့နေ့ကတည်းက အပြိုပြိုအလဲလဲနှင့် ဒီအခန်းထဲက မထွက်ဘဲ အစားတခုမှမဝင်ဘဲ အရက်တွေချည်း လိမ့်သောက်နေသည်မှာလဲ တားမရ ဆီးမရ။
YOU ARE READING
ငဲ့စရာများထဲမှာ (ZG/UN)
Fanficတကယ်ဆို ကိုယ်နဲ့မင်းက မှားယွင်းစွာ တွေ့ဆုံခဲ့ကြတဲ့လူတွေ ကျန်းကျယ်ဟန့် ဘယ်သူမှားလဲ ဘယ်သူမှန်လဲ အမှားနဲ့ အမှန် လွန်ဆွဲကြတဲ့ ပွဲမှာ နောက်ဆုံး ချစ်တဲ့သူက အရှုံးပေးရတာပါပဲ ကုန်းကျွင့် တကယ်ဆို ကိုယ်နဲ...