Part-26

183 36 11
                                    

Zawgyi//

ကုန်းကျွင့် ရုံးမသွားဖြစ်တာ နှစ်ရက်ရှိပြီ။ နှစ်ရက်လုံး အိမ်အသစ်ကို အပြီးသတ် အလှဆင်တာ သွားကြည့်ရင်း အချိန်ကုန်ရသည်။
အခုလဲ အိမ်အသစ်ရဲ့ အိပ်ခန်း မျက်နှာကျက်ဆီမှာ အနုမြူကြယ်လေးတွေ နေရာအနှံ့ လိုက်ကပ်နေတာ ဖြစ်သည်။

အိပ်ခန်းနံရံမှာ သူ ကျန်းလောင်ရှီးကို ရိုက်ထားပေးတဲ့ ပုံလေးတွေ ကပ်ထားသည်။
ခုတင်ဘေးက ဗီရိုအပုလေးပေါ်မှာတော့ တနေ့က မြစ်ဘေးမှာ နှစ်ယောက်အတူ ရိုက်ထားတဲ့ ပုံလေးတွေ တင်ထားလေသည်။

အင်း....။ သူ့စိတ်ကူးထဲက အိမ်လေးကတော့ တချို့တဝက် ရုပ်လုံးပေါ်လာလေပြီ။

"အဟင်း.."

ကုန်းကျွင့် ကိုယ့်အတွေးနဲ့ကိုယ် သဘောတကျ ပြုံးမိသွားသည်။
ဒီအိမ်ငယ်လေးမှာ ကျန်းလောင်ရှီးနှင့် အမြဲအတူ ရှိနေရလျှင် ဘယ်လောက်ပြီးပြည့်စုံလိုက်မလဲ။

ကုန်းကျွင့် ကိုယ့်အတွေးနဲ့ကိုယ် လေထဲ လက်ထပ်ပွဲ လုပ်နေစဉ် May က ဖုန်းကိုင်ကာ အနားရောက်လာသည်။
ကုန်းကျွင့်ကို ဖုန်းထိုးပေးကာ ဒယ်ဒီဆက်တာ ဟု
ပါးစပ်လှုပ်ရုံ ပြောလေသည်။

ကုန်းကျွင့် ဒယ်ဒီ့ဖုန်းကို မကိုင်တာကြောင့် May ရဲ့ ဖုန်းကို ခေါ်တာ ဖြစ်လိမ့်မည်။
တနေ့က စကားများပြီးကတည်းက ဒယ်ဒီဆက်သမျှ ဖုန်းရော ဒယ်ဒီ့အတွင်းရေးမှူး ဖုန်းရော မကိုင်ဖြစ်ပေ။

ကျစ်ခနဲ့ စုတ်သပ်ကာ ဖုန်းကို လှမ်းယူလိုက်ရသည်။ ခုမှတော့ မကိုင်ချင်လဲ ကိုင်ရမည်မဟုတ်လား။
ခုနက အတွေးနဲ့ ပျော်နေရတာတောင် ဘယ်ရောက်သွားမှန်းမသိတော့ပေ။

"ဟဲလို ဒယ်ဒီ"

"မင်း ဘာလို့ ငါ့ဖုန်းတွေ မကိုင်တာလဲ"

"အာ ဟို ကျွန်တော် အလုပ်ရှုပ်နေလို့"

"အဖေတယောက်လုံးရဲ့ ဖုန်းကို မကိုင်နိုင်လောက်အောင်လား"

"ဒယ်ဒီ ပြောစရာ ရှိတာ ပြောပါ။  ကျွန်တော်မအားသေးဘူး"

"မင်းတို့ ဘာတော့ ပြန်လာမှာလဲ။ ဒီမှာ ကြားဖြတ်အစည်းအဝေး လုပ်ဖို့ စီစဉ်နေတယ်။ မင်းတို့နှစ်ယောက်လုံး တက်ရမှာ"

ငဲ့စရာများထဲမှာ (ZG/UN)Where stories live. Discover now