Part-11

212 47 14
                                    

Zawgyi

ကုန်းကျွင့်တယောက် မနက် 6 နာရီမှ သွားမည့်အရေး 4 နာရီကတည်းက ထကာ ဆန်ပြုတ် ပြုတ်နေသည်။ ကျန်းလောင်ရှီးက သူ့ကို စားစရာ မှာထားတယ် မဟုတ်လား။
မပါသွားလျှင် အစားသရဲလေးက ရွှေစိတ်တော် ကောက်ဦးမည်။

ဘာမှမဖြစ်ဘူးဆိုပေမယ့် ကော်ဖီလေးသောက်ရုံနဲ့ ဆေးရုံတက်ရတာကို သိပ်မယုံချင်။ သို့သော် ဆရာဝန်ကိုယ်တိုင်က ကော်ဖီကြောင့်ဆိုတော့ မယုံချင်လဲ ယုံရတော့သည်။
ဘာကြောင့်ဖြစ်ဖြစ် ဆေးရုံတက်နေသူအဖို့ကတော့ ဆန်ပြုတ်က ဘေးအကင်းဆုံးပဲမလား။
ချောကလက်ကိုမှ ချွင်းချက်ထားပြီး ကြိုက်တတ်သည့် ကျန်းလောင်ရှီးအတွက် ချောကလက်ဆန်ပြုတ် ချိုချိုလေး ချက်ပေးဖြစ်သည်။ ပုံမှန် သူများစားနေကျမျိုး မဟုတ်ပေမယ့် ချောကလက်ကြိုက်သည့် ကျန်းလောင်ရှီးကတော့ ကြိုက်လောက်မှာပါလေ။
ဆန်ပြုတ်ရမှ ရေမိုးချိုးကာ ဆေးရုံသို့ ထွက်ခဲ့လိုက်သည်။

ဆေးရုံရောက်တော့ ဆိုဖာပေါ်မှာ အိပ်ပျော်နေသည့် အယ်ဒီတာဟွမ်ကို အသာအယာ လှုပ်ခေါ်လိုက်သည်။
အသာအယာနှိုးတော့ သူ့ကို ချော့သိပ်နေသလားမှတ်ရကာ တဖက်သို့ပင် စောင်းသွားသေး၏။

*ဪ အယ်ဒီတာကြီးက တကယ်ကို ဆေးရုံမှာ အိပ်စောင့်ပေးနေတာပါလား ကာလနဂါးရဲ့ အဖေကြီး*

ကုန်းကျွင့် စိတ်ထဲမှ မေတ္တာပို့လိုက်သည်။ကုန်းကျွင့် စောင့်ပေးမယ်ဆိုတော့ မရမက ပြန်ခိုင်းပြီး သူကတော့ အိပ်ကောင်းနေသည်။ ဟိုလူနာက သေရေးရှင်ရေးဖြစ်နေလျှင်တောင် သူ့နှိုးမရလို့
အသေခံရမည့်ကိန်း။
ကုန်းကျွင့် စိတ်ပေါက်ပေါက်နှင့် နားနားကပ်ကာ တချက်ဆောင့်အော်ပေးလိုက်သည်။

"ရှောင်ဟွမ်ကော ကျွန်တော်ရောက်ပြီ"
"ဟင် အာ အချိန်က အဲ့လောက်တောင် ဖြစ်သွားပြီလား"
"5 နာရီခွဲပဲ ရှိသေးတာပါ ကျွန်တော်စောထွက်လာလို့"
"အင်း မင်းစောရောက်တော့ ငါ နားရတာပေါ့။ ဒါနဲ့ ရှောင်ကျယ်ကို ဆေးရုံဆင်းဖို့နဲ့ ဆေးဖိုးတွေ အားလုံးစီစဉ်ပြီးသွားပြီ မင်း စောင့်ပေးရုံပဲ"
"ရပါတယ် ရှောင်ဟွမ်ကော ကျွန်တော် ဂရုစိုက်လိုက်ပါမယ်"
"အင်း ဆရာဝန်က 10 နာရီမှ round လှည့်မှာဆိုတော့ မင်းလဲ ဒီနေ့ခွင့်ယူလိုက်ပါ"
"ဟုတ်ကဲ့"
"အင်း ငါသွားပြီ"

ငဲ့စရာများထဲမှာ (ZG/UN)Where stories live. Discover now