Part-9

218 45 7
                                    

Zawgyi

ဝေ့ကျယ်မင်တစ်ယောက် ကားထဲက အလောတကြီး ထွက်လာပြီး mask မပါလာတာကြောင့် လူရှင်းသည့် လှေကားကနေ တက်လာရသည်။ လှေကားအဆုံးမှာ ဟိုဘက်ကလာတဲ့ လူတစ်ယောက်ကို တိုက်မိပြန်ကာ
နှစ်ဖက်လုံးက အရှိန်နှင့်မို့ သူလဲ ယိုင်သွားပြီး ဟိုဘက်က လူလဲ လက်ထဲက ရေဗူးတွေ လွတ်ကျကုန်၏။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ပဲနို့ဗူးလေးကလဲ မှောက်ရက်။

" အာ ဒုက္ခ ပါပဲ"

ရေဗူးတွေ လိုက်ကောက်ပေးရင်း တစ်ဖက်လူကို ကြည့်လိုက်တော့ ဟိုတခါ ဓာတ်လှေကား ရှေ့မှာ ဝင်တိုက်မိသည့်ကလေး။

"ကျစ်....ဘာလို့ မင်းကိုတွေ့တိုင်း ဒီပုံပဲ ဖြစ်နေရတာလဲ"

ဝေ့ကျယ်မင် စိတ်ရှုပ်စွာ ပြောလိုက်မိသည်။ အရေးကြီး နေသည့် အချိန်ကျမှ ဒီအရှုပ်လေးနဲ့ လာတွေ့နေသေးတာ။
ဝေ့ကျယ်မင် ဘာမှမပြောဘဲ လှည့်ထွက်မည်ပြင်တော့
လက်ကောက်ဝတ်ကနေ ဆောင့်ဆွဲခံလိုက်ရကာ နံရံမှာ အကပ်ခံလိုက်ရသည်။

"မင်း...!!"

ဖန့်ကျင်ဝေက ပါးစပ်ကိုပါ ပိတ်လိုက်တာကြောင့် ဝေ့ကျယ်မင်မှာ ပြောရမည့်စကားတို့ပျောက်ပြီး မျက်လုံးပြူးပြီးသာ ကြည့်နေရသည်။

"လူလာနေတယ်"

ဖန့်ကျင်ဝေမှာလဲ ဝေ့ကျယ်မင်ထက် အနည်းငယ်ပုနေတာကြောင့် လူလာနေတဲ့ဘက်ကို ခြေဖျားထောက်ကာ ချောင်းကြည့်ရင်း ဝေ့ကျယ်မင် အပေါ်မှာ တကိုယ်လုံး မှီထားသလို ဖြစ်သွားရသည်။

*မရည်ရွယ်ဘူးနော် တမင်သက်သက် အခွင့်ရတုန်းမှီရတာ စီနီယာကြီး*

ဖန့်ကျင်ဝေ စိတ်ထဲနေ ပြောလိုက်တာပါ။ အပြင်ကို ထုတ်ပြောရင်တော့လား။ အဟင်း...။

"ဟို အဲ့နားမှာ တယောက်ယောက်ရှိနေတာလား"

ဝေ့ကျယ်မင်ကို ဆွဲလှည့်လိုက်စဉ် နံရံနှင့် တိုက်မိသော အသံကို ကြား၍ ထင့်။ သူနာပြုဆရာမလေးက တဖြည်းဖြည်းအနားကပ်လာသည်။
ဖန့်ကျင်ဝေ ဒုက္ခတွေ့ရပြီ။ သူနှင့်ဆို ထိုသူနာပြုက မျက်နှာချင်းဆိုင်။ သူလဲ mask မပါပေ။ တက်သစ်စမို့ လူသိပ်မသိသော်လည်း အထိုက်အလျောက် နာမည်ရှိထားသူမို့ တခုခုချော်ချွတ်သွားလျှင် ပြဿနာများတော့မည်။ ဒီသူနာပြုကလဲ စပ်ကိုစပ်စုလွန်းတာ။

ငဲ့စရာများထဲမှာ (ZG/UN)Where stories live. Discover now