Part-7

229 46 0
                                    

Zawgyi

"အယ်ဒီတာဟွမ် ဒီနေ့က ကစားကွင်းမှာ outdoor ရိုက်ရမယ်တဲ့ shooting ပိုင်းက ဖုန်းဆက်ထားတယ်"
"ကစားကွင်းတဲ့လား ကလေးကလားနဲ့"

အစည်းအဝေးခန်းမှာ ယွမ်ကျင်းကျဲ သတိပေးတာကို ဘုကလန့် ပြန်ချေပလိုက်သည့် အယ်ဒီတာ။ လွန်ခဲ့တဲ့ တပတ်က တဟီးဟီးတဟားဟား စနောက်ခဲ့သည့် လူမဟုတ်သည့်အတိုင်း မျက်နှာထားမှာ တည်တင်းလွန်းလှသည့် အယ်ဒီတာပါပင်။ ကျန်းလောင်ရှီးသည်ပင် အစည်းအဝေးခန်းမှာ အပိုစကားပြောလေ့မရှိပေ။

"customer ဘက်က တောင်းဆိုတယ် ပြောတာပဲ"
"အင်း ကစားကွင်းဆိုတော့ ကစားကွင်းပေါ့။ ကုန်းကျွင့်က လိုချင်တဲ့ ပုံရအောင် တခါတည်း လိုက်သွား"
"ဟုတ်ကဲ့ "
"ဝမ်ယွမ် နဲ့ ရဲ့ရဲ့က design အတွက် လိုအပ်တာ လုပ်ကူဖို့ လိုက်သွား အဝတ်အစားတွေ ပြင်ထားပြီလား"
"ဟုတ် ပြင်ထားပါပြီ"
"ကျန်းကျယ်ဟန့် မင်းပါ လိုက်သွား"
"အမ် ငါ အဲ ကျွန်တော်က ဘာလို့ လိုတာလဲ"
"မင်းက Negotiator လေ တခုခုဆို မင်းပဲ ဖြေရှင်းရမှာ လိုက်သွား"
"ဟုတ်"

မလိုက်ချင်ပေမယ့် အောင့်သက်သက်နှင့်ပင် လက်ခံလိုက်ရပြီး အလကား နေပူထဲမှာ အပူလိုက်ခံရပေဦးမည်။

"ကျန်းလောင်ရှီး ဘာဖြစ်နေတာလဲ စူပုတ်ပုတ်နဲ့"

ရုံးခန်းထဲက ထွက်လာတော့ ပစ္စည်းတွေ ထည့်ရင်း ကုန်းကျွင့်မေးလိုက်သည်။

"ဘာမှ မဖြစ်ဘူး ပြီးရင်သွားစို့ ခဏနေ ရိုက်ကွင်း စတော့မှာ"

ကစားကွင်းရောက်တော့လဲ အကုန်လုံးက ကိုယ်စီ အလုပ်ရှုပ်နေပေမယ့် ကျန်းကျယ်ဟန့်မှာသာ အားအားယားယားဖြစ်နေကာ ခုံတန်းတစ်ခုမှာ နေပူခံရင်း ထိုင်နေရလေသည်။
*ဟွမ်ယူမင် အစုတ်ပလုတ်ကောင် ငါ့ကို သပ်သပ် ဒုက္ခပေးတာ*
စိတ်ထဲမှ ပစ်ပစ်နှစ်နှစ်ပင် မေတ္တာပို့မိလိုက်သေးသည်။

"ကျန်းလောင်ရှီး ပူနေပြီလား"

ကုန်းကျွင့်က အအေးဗူး တစ်ဗူးကို ပေးကာ ဆိုသည်။

"ကိုယ် ဒါတွေ မကြိုက်ဘူး"
"ဘာလို့လဲ"
"အချိုမကြိုက်လို့ "
"အမ်?? ဒါဖြင့် white chocolate က မချိုလို့လား"
"ချောကလက်က ချွင်းချက်"
"မှတ်တောင် ထားရဦးမယ်"

ငဲ့စရာများထဲမှာ (ZG/UN)Where stories live. Discover now