Part-19

173 38 10
                                    

Zawgyi//

ကုန်းကျွင့်တို့ ချိန်းထားသည့်နေရာရောက်တော့ အကုန်လုံးက ရောက်နှင့်နေကြပေပြီ။
ချိန်းထားသည့်နေရာက လမ်းဘေးမှာ အကင်စုံရောင်းသည့်ဆိုင်ကြီးဖြစ်ကာ ရှောင်မင်ပါနေသည်ကြောင့် ဆိုင်အနောက်ဘက်မှာ သူတို့အတွက် တဝိုင်းပြင်ထားပေးသည်။ သန့်ရှင်းသပ်ရပ်သည့်အပြင် အကင်အမျိုးအစားစုံလှသဖြင့် ဆိုင်က လူအပြည့်ပင်။

"ဟာ ကျန်းတကော လာပြီ"

ကျန်းကျယ်ဟန့်ကို မြင်တာနှင့် ဖန့်ကျင်ဝေက ထအော်ပြီး ချက်ချင်းပင် ကျန်းကျယ်ဟန့်နား ရောက်လာသည်။ လက်တဖက်ကို ဆွဲကာ ခုံမှာထိုင်စေပြီး

"ကျန်းတကောက ဘာလို့ နောက်ကျနေတာလဲ"

"နေပါဦး ဖန့်ကျင်ဝေ.. ကျန်းလောင်ရှီးက မင်းသူငယ်ချင်းလား ငါက မင်းသူငယ်ချင်းလား"
"ဘာလဲ ဘယ်သူက မင်းနဲ့ စကားပြောချင်နေလို့လဲ"
"အမ် ငါက ဘာလုပ်မိလို့လဲ"
"မင်းကို ငါ စိတ်ဆိုးနေတုန်းပဲ။ ငါနဲ့ စကားလာမပြောနဲ့။ ငါ ကျန်းတကောနဲ့ပဲ ပြောမှာ"
"အဲ့ဒါဆို ငါက ဘယ်မှာထိုင်ရမှာလဲ"
"ကြိုက်တဲ့ နေရာဝင်ထိုင်ပေါ့"
"ငါ ရှောင်မင်ကော ဘေးမှာ ထိုင်မှာနော်"
"ထိုင်ပေါ့"

ရှောင်မင်ကို မျက်စောင်းထိုးကာ ပြောလိုက်တာကြောင့် နှစ်ယောက်သား တယောက်မျက်နှာတယောက်ကြည့်မိသည်။
ကြည့်ရတာ ရှောင်မင်နှင့်လဲ ရန်ဖြစ်ထားသည် ထင်သည်။
မဟုတ်လျှင် ထိုအကဲအသဲလေးက ရှောင်မင်နားကို ဘယ်သူမှ အကပ်ခံမည်မဟုတ်ပေ။

ရှောင်မင်ကို လှမ်းကြည့်တော့ ဟိုက ပုခုံးတွန့်ပြလေသည်။
ရှောင်ဟွမ်နှင့် ချင်ချင်းကတော့ သူ့တို့ကို စိတ်မဝင်စားဘဲ ဖုန်းတလုံးကို ခေါင်းချင်းဆိုင်ကြည့်ကာ တွတ်ထိုးနေကြသည်။

"ကဲ ပြောပါဦး ကျွင့်ကျွင့်ကို ဘာလို့စိတ်ဆိုးနေတာလဲ"
"ဟွန့် သူက ကျွန်တော့်ကိုမှ မလိုချင်တော့တာ"
"ဘာလို့အဲ့လိုပြောတာတုန်း"
"ကျန်းတကောပဲ စဉ်းစားကြည့်။ ဟိုတနေ့က ကျွန်တော် ဟိုလူကြီးနဲ့ အပြင်သွားပြီး အိမ်ပြန်နောက်ကျတယ်လေ"
"အင်း"
"အဲ့ဒါ ပြန်လာပြီး ကျွန်တော်က ဗိုက်ဆာတာကို သူက ဘာမှ မလုပ်ကျွေးဘူး"
"ဪ"
"သူက ကျန်းတကောကိုပဲ ချစ်တော့တာ ကျွန်တော့်ကို ပစ်ထားပြီးတော့"

ငဲ့စရာများထဲမှာ (ZG/UN)Where stories live. Discover now