Part-25

165 35 3
                                    

Zawgyi//

ကုန်းကျွင့်နှင့် sunset ကြည့်ပြီး ပြန်လာပြီးနောက် ကျန်းကျယ်ဟန့်တယောက် အခန်းကို အမှောင်ချကာ စဉ်းစားခန်းဝင်နေသည်။

သူဘာလုပ်ရမလဲ..။ ဒီတိုင်းပဲ ရှေ့ဆက်တိုးရမလား။
သူပိုင်ဆိုင်ချင်တဲ့ ဒီကောင်လေးကို လက်မလွှတ်တမ်း ထွေးပိုက်ထားရမလား။
ဒါမှမဟုတ် သူ့ရဲ့ တောက်ပနေတဲ့ အနာဂတ်အတွက် ၊
သူလက်လွှတ်ပေးလိုက်ရမည်လား။
အရာရာကို သူအစားပြန်ရှာလို့ ရပေမယ့် ဖခင်ဖြစ်သူကိုတော့ အစားပြန်ရှာလို့ မရဘူးမလား။
ကျယ်ဟန့်သာ လက်မလွှတ်လိုက်လို့ ဒီကောင်လေး မိသားစုနဲ့ အဆက်ဖြတ်ရရင် သူ့အတွက် တရားပါ့မလား။

ကုန်းကျွင့်ကလဲ ဘာဆိုဘာမှမဟပေ။ သူဘာတွေ လုပ်ဖို့ ကြံရွယ်နေသလဲ။ တကယ်ပဲ မိသားစုနဲ့ အဆက်ဖြတ်ဖို့များ ကြံနေသလား။ ကျယ်ဟန့်နှင့် သူ့ဒယ်ဒီကြားမှာ သူဘယ်လောက်များ ဗျာများနေလိမ့်မလဲ။

မေးခွန်းပေါင်းစုံထဲ နစ်နေရင်း အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်တော့ ဝဲဘက်ရင်အုံက စူးခနဲ အောင့်တက်လာသည်။

ကျစ်....။ ငါ ဘာလို့ အဲ့လောက်ပျော့ညံ့နေရတာလဲ။
ထစ်ခနဲဆို ဘယ်လိုစိတ်ပင်ပန်းမှုမျိုးကိုမှ မခံနိုင်သည့် ဒီနှလုံးရောဂါကို စိတ်ကုန်လာသည်။
တကယ်များဝေးရရင် ဘယ်လိုဖြစ်နေမလဲ။

ကိုယ့်ဘာသာကိုယ်ပင် အလိုမကျမှုတွေနှင့် အပြစ်တင်လိုက်ကာ အံဆွဲထဲက ဆေးဗူးထုတ်ကာ ဆေးထုတ်ရန် ရွယ်လိုက်သည်။
သို့သော်လဲ အမြဲတမ်းဆေးကို အားမကိုးချင်တာကြောင့် ဆေးဗူးအား စားပွဲပေါ်သို့ ပြန်ချလိုက်လေသည်။

ခုတင်ပေါ်သို့ လှဲချလိုက်ကာ အိပ်ဖို့ ကြံလိုက်ပေမယ့် အိပ်မပျော်ဘဲ ဟိုဒီသာ လူးလိမ့်နေရသည်။
လိုက်ကာပါမကျန် ချထားသော ထိုအခန်းလေးသည် ပိန်းပိတ်အောင် မှောင်မဲနေသော်လည်း တစ်စုံတစ်ယောက်ရဲ့ သက်ပြင်းချသံတို့နှင့် မိုးစင်စင် လင်းရလေသည်။
~~~~~~•••••••~~~~~~~

"Simon နင် တကယ် ဆုံးဖြတ်ပြီးသွားပြီလား"

"အင်း"

စဉ်းစားချိန်တောင် မယူဘဲ ချက်ချင်း အဖြေပေးလာတဲ့ Simon ကို May ခပ်ဆွေးဆွေးလေး ကြည့်မိသည်။
သူဟာ အဲ့ဒီလူ တယောက်အတွက်နှင့် အကုန်လုံးကို ဥပေက္ခာပြုရက်နိုင်သည်။

ငဲ့စရာများထဲမှာ (ZG/UN)Where stories live. Discover now