Zawgyi//
"Miles ကျွန်တော့်ကို နေ့တိုင်း ဖုန်းဆက်ရမှာနော်"
"ဆက်မှာပေါ့ bby ရဲ့"
"video call လဲ ခေါ်ရမှာနော်"
"အင်း ခေါ်မှာပေါ့"
"fan girl တွေနဲ့လဲ မရောရဘူးနော်"
"ဟုတ်ပါပြီဗျာ"
"အဟင့် နောက်တယောက်လဲ မရှာရဘူးနော်"
"အာ မရှာပါဘူးဆိုကွာ"
"bby ဆီ လာတွေ့မှာလား"
"လာမှာပေါ့ နောက်လ ရိုက်ကွင်းပြီးရင် လာမှာ""ဖန့်ကျင်ဝေ မင်းမပြီးနိုင်သေးဘူးလား အိမ်က မထွက်ခင်ကတည်းက ပြောနေတာ"
ကုန်းကျွင့် ကားမောင်းရင်းမှ နောက်ကြည့်မှန်ကနေ ဘုကြည့်ကြည့်ကာ ပြောလိုက်သည်။ ဒီမနက်တင်ကို ဒီစကားတွေကို အခေါက် 30 ထက် မနည်းကြားနေရသည်မှာ သိပ်အဆင်မပြေချင်တော့။
အခုလဲ လေယာဉ်ကွင်းဆင်းဖို့အရေးကို ရှောင်မင်အပြင် ကုန်းကျွင့်တို့ပါ လိုက်ပို့ရမည်ဟု ဆိုသောကြောင့် ကျန်းလောင်ရှီးပါ မကျန် လိုက်ပို့နေရသည်။
"ဘာလဲ Simon မင်းက ငါနဲ့ ခွဲရမှာတောင် ဝမ်းမနည်းဘူးလား"
"ဘာလို့ဝမ်းနည်းရမှာလဲ မင်းလိုဂျစ်တူးမရှိတော့ ငါတောင် နားအေးအေးနေရဦးမယ်"
"ဟွန့် အကျင့်မကောင်းတဲ့ကောင်"
ဖန့်ကျင်ဝေက မျက်စောင်းချိတ်လိုက်ကာ ဝေ့ကျယ်မင် ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်ပြီး ရှေ့ခန်းမှာ ထိုင်နေသော ကျန်းကျယ်ဟန့်ဆီသို့ မြားဦးလှည့်လိုက်သည်။
"ကျန်းတကော"
"ဟင်""ကျန်းတကောလဲ ကျွန်တော့်ဆီ ဖုန်းဆက်နော်"
"အင်းပါ""Miles ကျွန်တော့်ကွယ်ရာမှာ ခြေရှုပ်နေရင်လဲ ဆုံးမပေးနော်"
"အင်း"
"Simon အနိုင်ကျင့်တာလဲ မခံနဲ့နော် သိလား""ဖန့်ကျင်ဝေ ငါက ဘာလို့ ကျန်းလောင်ရှီးကို အနိုင်ကျင့်ရမှာလဲ"
"ငါက ဒီတိုင်း ကျန်းလောင်ရှီးကို ချစ်လို့ မှာနေတာကို"
ဖန့်ကျင်ဝေက ပြောလဲပြော အနောက်ကနေ ကျန်းကျယ်ဟန့် လည်ပင်းကို လှမ်းဖက်လိုက်တာကြောင့် ကုန်းကျွင့် ကားမောင်းနေရင်းမှပင် ဖန့်ကျင်ဝေ လက်ကို လှမ်းရိုက်လိုက်သည်။
YOU ARE READING
ငဲ့စရာများထဲမှာ (ZG/UN)
Fanficတကယ်ဆို ကိုယ်နဲ့မင်းက မှားယွင်းစွာ တွေ့ဆုံခဲ့ကြတဲ့လူတွေ ကျန်းကျယ်ဟန့် ဘယ်သူမှားလဲ ဘယ်သူမှန်လဲ အမှားနဲ့ အမှန် လွန်ဆွဲကြတဲ့ ပွဲမှာ နောက်ဆုံး ချစ်တဲ့သူက အရှုံးပေးရတာပါပဲ ကုန်းကျွင့် တကယ်ဆို ကိုယ်နဲ...