Part-14

193 40 12
                                    

Zawgyi//

နေ့လည်စာ စားပြီး ကျန်းကျယ်ဟန့်မှာ စာဖတ်ပြီး အေးဆေးနားမည်ကြံသော်လဲ ဖန့်ကျင်ဝေက မပြန်ချင်သေးဆို၍ သုံးယောက်သား ဂိမ်းကစားနေကြသည်။

ဟွမ်ယူမင်နှင့် ဝေ့ကျယ်မင်မှာ အလုပ်စောသိမ်းကာ ရှောင်ကျယ်အား အဖော်ပြုမည်ဟု အားခဲပြီး လာသော်လဲ အိမ်ထဲ ဝင်ဝင်ချင်းမြင်လိုက်ရသော မြင်ကွင်းကြောင့် ဆွံ့အနေကြလေသည်။

မဆွံ့အဘဲ နေနိုင်ရိုးလား။ ကြည့်ဦး။
ကျန်းကျယ်ဟန့်က ဆိုဖာပေါ်မထိုင်ဘဲ ဆိုဖာ နောက်မှီပေါ်မှာ တက်ထိုင်နေပြီး ကုန်းကျွင့်က သူ့ရှေ့မှာ ထိုင်နေသည်။
ကုန်းကျွင့်ကို ဂုတ်ပေါ်ကနေ သိုင်းဖက်ပြီး ဂိမ်းစက်ကို နှစ်ယောက်အတူကိုင်ကာ ဆော့နေကြသည်။ဒီ မြင်ကွင်းကမှ သူတို့ကို မဆွံ့အစေလျှင် ဘာကများ ဆွံ့အ စေနိုင်မည်နည်း။

ဖန့်ကျင်ဝေကတော့ ဆိုဖာပေါ်မှာပင် မထိုင်ဘဲ အောက်ဆင်းကာ ကော်ဇောပေါ်မှာ ထိုင်ပြီး ဂိမ်းထဲကို အကြီးအကျယ် စိတ်ဝင်စားနေသည်။
သူတို့ဝင်လာသည်ကိုပင် ဘယ်သူမှ မသိ။

"အာ ကျန်းတကော ကျွန်တော်နိုင်တော့မှာ simon ကို မဆော့ကူနဲ့လို့"

"အေ့လေ မင်းကို မနိုင်စေချင်လို့ ကျွင့်ကျွင့်ကို ဆော့ကူနေတာကို"

ထိုမြင်ကွင်းကို နှစ်ယောက်သား ခဏကြောင်ကြည့်နေပြီးမှ
ဟွမ်ယူမင်က ဘေးမှ ဝေ့ကျယ်မင်ကို တံတောင်နဲ့ တွတ်လိုက်ကာ

"ရှောင်မင် ငါ အခုမြင်နေရတာက ဘာမြင်ကွင်းကြီးလဲ"
"အရှုပ်လေးတယောက်လေ"
"ဟမ် ဘာတဲ့"

ဟွမ်ယူမင်က နားကြားများမှားသလားလို့ ရှောင်မင်ကို ကြည့်လိုက်တော့ သကောင့်သားရဲ့ မျက်လုံးတွေက ကော်ဇောပေါ်က ဖန့်ကျင်ဝေဆီက မဖယ်နိုင်တာကို မြင်ပြီး
တိုင်နဲ့ခေါင်းနဲ့သာ ပြေးဆောင့်လိုက်ချင်တော့သည်။

*ဒီသောက်အတွဲမကျတကျတွေကတော့...*

ဟွမ်ယူမင် ခြေဆောင့်ကာ ဟိုသုံးယောက်နား ရောက်သွားတော့မှ ဂိမ်းဆော့ရာကနေ အရှိန်သတ်ကြလေသည်။

"ဟာ ရှောင်ဟွမ်... ဘယ်လိုရောက်လာတာလဲ"
"မေးထွက်သေးသလား။ မင်းကို စိတ်ပူလို့ လိုက်လာတာလေ။ မင်းတို့ တစ်တီတူး နေမှန်း သိရင် လာမနေဘူး"
"အဲ..... "

ငဲ့စရာများထဲမှာ (ZG/UN)Where stories live. Discover now